Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 24:27

Common Language Bible

ဋ္ဌမ္မ​ရာ​ဇ​ဝင်​ကျမ်း​တွင်​ယောရှ​၏​သား​များ အ​ကြောင်း၊ သူ့​အား​ဆင့်​ဆို​သည့်​ဗျာ​ဒိတ် တော်​များ​အ​ကြောင်း၊ ဗိ​မာန်​တော်​ကို​သူ ပြန်​လည်​တည်​ဆောက်​ခြင်း​အ​ကြောင်း​များ ပါ​ရှိ​၏။ သား​တော်​အာ​မ​ဇိ​သည်​သူ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ဘု​ရင်​ယော​ရှ​သည်​မိ​မိ​၏​အ​လျင် အုပ်​စိုး​ခဲ့​ကြ​သော​ယော​ရှ​ဖတ်​မင်း၊ ယ​ဟော​ရံ မင်း​နှင့်​အာ​ခ​ဇိ​မင်း​တို့​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သည့်​ပူ​ဇော်​သ​ကာ​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ပေး​လှူ​ထား​သည့်​ပူ​ဇော်​သကာ များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​တွင်​ရှိ​သ​မျှ​သော​ရွှေ​ကို​လည်း ကောင်း​ယူ​၍ လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဟာ​ဇေ​လ မင်း​ထံ​ပေး​ပို့​လိုက်​၏။ ထို​အ​ခါ​ဟာ​ဇေ​လ သည်​မိ​မိ​၏​တပ်​မ​တော်​ကို ယေ​ရု​ရှ​လင်​မြို့ မှ​ရုပ်​သိမ်း​သွား​လေ​၏။

အ​ဘိ​ယ​ပြော​ဆို​ခဲ့​သော​စ​ကား​များ၊ သူ ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ကျန် ရှိ​နေ​သေး​သော​သူ​၏​အတ္ထု​ပ္ပတ္တိ​အ​ကြောင်း အ​ရာ​များ​ကို ပ​ရော​ဖက်​ဣ​ဒေါ​စီ​ရင်​သော စာ​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။

အာ​သ​၏​လက်​ထက်​၌​ဖြစ်​ပျက်​သ​မျှ​သော အမှု​အ​ရာ​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-

ယော​ရှ​ဖတ်​၏​နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင် အောင်​သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​၏​တစ်​စိတ် တစ်​ဒေ​သ​ဖြစ်​သော​ဟာ​နန်​၏​သား​ယေ​ဟု အတ္ထု​ပ္ပတ္တိ​တွင်​ရေး​ထား​သ​တည်း။

မင်း​ကြီး​နှင့်​ယော​ယ​ဒ​သည် ထို​ငွေ​ကို​ဗိ​မာန် တော်​မွမ်း​မံ​ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ များ​၏​လက်​သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပန်း​ရန် သ​မား၊ လက်​သ​မား၊ ပန်း​ပဲ၊ ပန်း​တဉ်း သ​မား​တို့​ကို​ငှား​ရမ်း​ကြ​၏။-

(သူ့​အား​လျှို့​ဝှက်​လုပ်​ကြံ​ကြ​သူ​များ​မှာ အမ္မုန်​အ​မျိုး​သ​မီး​ရှိ​မတ်​၏​သား​ယော​ဇ​ဗဒ် နှင့်​မော​ဘ​အ​မျိုး​သ​မီး​ရှိ​မ​ရိတ်​၏​သား ယ​ဟော​ဇ​ဗဒ်​တို့​ဖြစ်​သ​တည်း။-)

အာ​မ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​ငါး​နှစ်​တွင် နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ငါး နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ယေ​ရု​ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-

ကြွင်း​ကျန်​သော​ရှော​လ​မုန်​၏​အ​ကြောင်း​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင်​ပ​ရော​ဖက်​နာ​သန် ၏​ကျမ်း၊ ရှိလော​မြို့​သား​အ​ဟိ​ယ​၏​ပ​ရော​ဖက် ကျမ်း၊ ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​၏​နန်း ဆက်​အ​ကြောင်း​ကို​လည်း​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​ဣဒ္ဒေါ​၏​ဗျာ​ဒိတ်​ရူပါ​ရုံ​ကျမ်း​များ တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ