Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 24:22

Common Language Bible

မင်း​ကြီး​သည်​မိ​မိ​အား​ဇာ​ခ​ရိ​၏​ဖ​ခင်​ယော ဒ​ယ​သစ္စာ​ရှိ​စွာ​အ​မှု​ထမ်း​ခဲ့​သည်​ကို​သ​တိ မ​ရ​ဘဲ​သား​ကို​သတ်​လေ​၏။ ဇာ​ခ​ရိ​သည် သေ​အံ့​ဆဲ​ဆဲ​၌``ထာ​ဝ​ရ​ဘု​ရား​သည်​သင် ပြု​သည့်​အ​မှု​ကို​မြင်​၍ သင့်​အား​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ရု​ဗင်​က``ငါ​သည်​သင်​တို့​အား​သူ​ငယ် ကို ဘေး​ဒုက္ခ​မ​ရောက်​စေ​ပါ​နှင့်​ဟူ​၍​သ​တိ​ပေး ခဲ့​သော်​လည်း​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ထို့ ကြောင့်​ငါ​တို့​သည်​ယ​ခု​ဝဋ်​လည်​နေ​ရ​ကြ​ပြီ'' ဟု​ဆို​လေ​၏။-

လူ့​အ​သက်​ကို​သတ်​သော​သူ​အား​ဒဏ်​ခံ​စေ​မည်။ လူ​ကို​သတ်​သော​တိ​ရစ္ဆာန်​အား​ငါ​သည်​သေ​ဒဏ်​ခံ​စေ​မည်။-

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

ကျွန်​တော်​မျိုး​သည်​သူ​တို့​အား​မေတ္တာ​ပြ​လျက် သူ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော်​လည်း သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု ကြ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ ရန်​သူ​များ​ကြောင့်​ကျွန်​တော်​မျိုး​အ​ဘယ်​မျှ ဆင်း​ရဲ ဒုက္ခ​ခံ​ရ​ကြောင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​ပါ။

အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။

ထို​အ​ခါ​ငါ​သည်``အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား စီ​ရင်​တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​တော်​မူ ပါ​၏။ လူ​တို့​၏​အ​ကြံ​အ​စည်​နှင့်​စိတ်​နေ သ​ဘော​ထား​တို့​ကို​လည်း​စစ်​ဆေး​ကြည့်​ရှု တော်​မူ​တတ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ ၏​အ​မှု​ကို​ကိုယ်​တော်​ရှင်​၏​လက်​တော်​တွင် အပ်​နှံ​ထား​ပါ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​တို့​အား ကိုယ်​တော်​ရှင်​လက်​စား​ချေ​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ'' ဟု​ဆု​တောင်း​၏။

သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​လေ​ပြီ။ ဗာ​ဗု​လုန်​စစ်​သည်​တော်​တို့​သည် အ​ဖမ်း​ခံ​ရ​ကြ​၏။ သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​၍​သွား ကြ​၏။ ငါ​သည်​ဒု​စ​ရိုက်​ပြု​သူ​တို့​ဆုံး​မ​တတ်​သော ဘု​ရား​ဖြစ်​၏။ ဗာ​ဗု​လုန်​မြို့​အား​ထိုက်​လျောက်​သည့်​အ​တိုင်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။

သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

ကြေး​ပန်း​ထိမ်​ဆ​ရာ​အာ​လေ​ဇန္ဒြု​သည်​ငါ့​အား များ​စွာ​မ​ကောင်း​ကျိုး​ပေး​ခဲ့​၏။ သူ​ပြု​သည့်​အ​မှု အ​တွက်​သ​ခင်​ဘု​ရား​သည်​သူ့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လိမ့်​မည်။-

ငါ​၏​အ​မှု​ကို​ပ​ထ​မ​အ​ကြိမ်​စစ်​ဆေး​ရာ​တွင် ငါ့ ကို​ထောက်​ခံ​ရန်​အ​ဘယ်​သူ​မျှ​မ​လာ​ကြ။ လူ​တိုင်း ပင်​ငါ့​ကို​စွန့်​ပစ်​သွား​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြု ကြ​သည်​ကို​သ​ခင်​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ် ကို​မှတ်​တော်​မ​မူ​ပါ​စေ​နှင့်။-

ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ဘဲ​မီး​ရှို့​ရာ​သ​ကာ၊ ဘော​ဇဉ် သ​ကာ၊ မိတ်​သ​ဟာ​ယ​သ​ကာ​များ​ကို ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​ပါ​မူ ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​ငါ​တို့​အား​ဒဏ်​ခတ် တော်​မူ​ပါ​စေ။-

ကောင်း​ကင်​ဘုံ​သား​တို့၊ ထို​မြို့​ပျက်​စီး​သည့် အ​တွက်​ဝမ်း​မြောက်​ရွှင်​မြှုး​ကြ​လော့။ ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​များ၊ တ​မန်​တော်​များ၊ ပ​ရော​ဖက်​များ​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ သင်​တို့​အား​ပြု​သ​မျှ​အ​တွက်​ဘု​ရား​သ​ခင် သည်​ထို​မြို့​ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။

ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-

သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ