၂ ရာချုပ် 24:14Common Language Bibleသူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။- အခန်းကိုကြည့်ပါ။ |
ဟေဇကိမင်းသည်ယဇ်ပုရောဟိတ်နှင့်လေဝိ အနွယ်ဝင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော်မူ၍ သူတို့အသီးသီးအတွက်တိကျသောတာဝန် ဝတ္တရားများကိုသတ်မှတ်ပေးတော်မူ၏။ ထို တာဝန်ဝတ္တရားများတွင်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုပူဇော်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဗိမာန်တော်ဌာန အသီးသီးတွင်ဂုဏ်တော်နှင့်ကျေးဇူး တော်ချီးမွမ်းခြင်းတို့ပါဝင်လေသည်။-