Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 24:10

Common Language Bible

ပြည်​သူ​များ​နှင့်​သူ​တို့​၏​ခေါင်း​ဆောင်​များ သည်​ဝမ်း​မြောက်​စွာ​ဖြင့် မိ​မိ​တို့​အ​လှူ​ငွေ များ​ကို​ယူ​ဆောင်​ကာ​အ​လှူ​ခံ​သေတ္တာ ပြည့်​အောင်​ထည့်​ဝင်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​စေ​တ​နာ​စိတ်​နှင့်​ထာ​ဝ​ရ ဘု​ရား​အား​ပေး​လှူ​ကြ​သည်​ဖြစ်​ရာ မိ​မိ တို့​ဤ​မျှ​မြောက်​မြား​စွာ​ပေး​လှူ​ခဲ့​ရ​ကြ သည့်​အ​တွက်​အား​ရ​ဝမ်း​မြောက်​ကြ​ကုန်​၏။ ဒါ​ဝိဒ်​မင်း​သည်​လည်း​လွန်​စွာ​အား​ရ​ဝမ်း မြောက်​တော်​မူ​၏။

နေ့​စဉ်​နေ့​တိုင်း​လေဝိ​အ​နွယ်​ဝင်​တို့​သည် ထို သေတ္တာ​ကို​တာ​ဝန်​ခံ​အ​ရာ​ရှိ​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​လေ​သည်။ သေတ္တာ​ပြည့် သည့်​အ​ခါ​တိုင်း​ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​စား​လှယ်​တစ်​ဦး သည်​လာ​၍ ငွေ​များ​ကို​ထုတ်​ယူ​ပြီး​လျှင် သေတ္တာ​ကို​နေ​ရာ​တ​ကျ​ပြန်​၍​ထား​ရ ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​ငွေ အ​မြောက်​အ​မြား​ကို​ရ​ရှိ​ကြ​လေ​သည်။

သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​ရှိ​လူ​အ​ပေါင်း​တို့​အား တော က​န္တာရ​တွင်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ ကောက်​ခံ​ခဲ့​သည်​အ​တိုင်း ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​အ​လှူ​ငွေ​များ​ကို​ယူ​ဆောင်​လာ ကြ​ရန်​ထုတ်​ဆင့်​ကြေ​ညာ​လေ​သည်။-

ကိုယ်​တော်​ရှင်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍​ပျော်​မွေ့ တတ်​သူ​များ​အား​လည်း​ကောင်း၊ ကိုယ်​တော်​ရှင် ၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန်​မ​မေ့​မ လျော့​တတ်​သူ​များ​အား​လည်း​ကောင်း​ကြို​ဆို လက်​ခံ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​တို့​အား​အ​မျက်​ထွက်​တော်​မူ​သော် လည်း ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​မြဲ ကူး​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​အ​မျက် ထွက်​နေ​ပါ​လျက်​ကျွန်​တော်​မျိုး​တို့​သည် အ​မှား​ကို​ပြု​မြဲ​ပြု​ကြ​ပါ​၏။ ရှေး​ယ​ခင် က​စ​၍​ဤ​သို့​ပြု​ခဲ့​မိ​ကြ​ပါ​၏။-

ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။-

လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ