Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 22:9

Common Language Bible

ယေ​ဟု​သည်​ထို​သူ​အား​လုံး​ကို​သတ်​ပြီး နောက် လူ​အ​ချို့​အား​အာ​ခ​ဇိ​ကို​လိုက်​လံ ရှာ​ဖွေ​စေ​၏။ ထို​သူ​တို့​သည်​ရှ​မာ​ရိ​မြို့​တွင် ပုန်း​အောင်း​နေ​သော​အာ​ခ​ဇိ​ကို​တွေ့​၍ ယေ​ဟု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​သူ့​အား ကွပ်​မျက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့ သည်​ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​အ​စွမ်း ကုန်​ဆောင်​ရွက်​ခဲ့​သူ ယော​ရှ​ဖတ်​မင်း​ကို​ရို​သေ လေး​စား​သော​အား​ဖြင့် သူ​၏​မြေး​အာ​ခ​ဇိ ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​လိုက်​ကြ​၏။ အာ​ခ​ဇိ အိမ်​ထောင်​စု​မှ​တိုင်း​ပြည်​ကို​အုပ်​စိုး​နိုင်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပ​ရော​ဖက်​အား``ထာ​ဝရ​ဘု​ရား​က​သင်​သည် ငါ​၏​စ​ကား​တော်​ကို​မ​နာ​ခံ။ ငါ​၏​အ​မိန့်​တော် အ​တိုင်း​မ​ဆောင်​ရွက်။ အ​စား​အ​စာ​မ​စား​ရန်​ငါ မှာ​ကြား​သော်​လည်း ဤ​အ​ရပ်​သို့​ပြန်​လာ​ကာ​စား သောက်​သည်​ဖြစ်​သော​ကြောင့်​အ​သတ်​ခံ​ရ​လိမ့်​မည်။ သင်​၏​အ​လောင်း​ကို​ဘိုး​ဘေး​တို့​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ရ​လိမ့်​မည်​ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏ အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ် ကို​ပြု​၍​သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လိမ့် မည်။ ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​များ​အ​နက် ထို​သား​တစ်​ဦး​တည်း​သာ​လျှင် လျောက်​ပတ် စွာ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တစ်​ဦး​တည်း​ကို​သာ​လျှင်​နှစ်​သက် တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

နန်း​တော်​သို့​ဝင်​၍​အ​စား​အ​စာ​စား​၏။ ထို နောက်​သူ​က``အ​မင်္ဂ​လာ​ခံ​ရ​သော​ထို​မိန်း​မ ကို​သင်္ဂြိုဟ်​ကြ​လော့။ မည်​သို့​ပင်​ဆို​စေ​ကာ​မူ သူ​သည်​မင်း​သ​မီး​ဖြစ်​သည်'' ဟု​ဆို​၏။-

သို့​ရာ​တွင်​ဘု​ရင်​မင်း​သည်​လူ​တို့​ကိုး​ကွယ်​သော အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို ဖယ်​ရှား​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​၏​အ​လို​တော် ကို​လိုက်​လျှောက်​ရန်​ကြိုး​စား​သ​ဖြင့် ဘု​ရင်​မင်း မှာ​အ​ကျင့်​ကောင်း​အ​နည်း​ငယ်​ရှိ​သေး​၏'' ဟု ဆို​လေ​သည်။

သူ​တို့​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင် ရောက်​ကာ​နန်း​တော်​ကို​လု​ယက်​ကြ​၏။ ထို နောက်​သား​တော်​အ​ငယ်​ဆုံး​ဖြစ်​သူ​အာ​ခ​ဇိ မှ​တစ်​ပါး​အ​ခြား​သား​တော်​များ​နှင့်​မိ ဖု​ရား​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ဖမ်း ဆီး​သွား​လေ​သည်။

သူ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ်​၌​နန်း တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း​စံ တော်​မူ​၏။ ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​တွက် အ​ဘယ်​သူ​မျှ​ဝမ်း​မ​နည်း​ကြ။ သူ့​အ​လောင်း ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​တို့​၏​သင်္ချိုင်း​တွင်​မ​သင်္ဂြိုဟ်​ကြ။

နိုင်​ငံ​တော်​ကို​ပိုင်​နိုင်​စွာ​အုပ်​စိုး​နိုင်​သော​အ​ခါ ယ​ဟော​ရံ​သည်​ညီ​တော်​အ​ပေါင်း​နှင့်​ဣ​သ ရေ​လ​မှူး​မတ်​အ​ချို့​တို့​ကို​ကွပ်​မျက်​လေ​သည်။

ယေ​ဟု​သည်​အာ​ဟပ်​မင်း​ရိုး​အ​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​စီ​ရင် ချက်​ကို​လိုက်​နာ​ဆောင်​ရွက်​လျက်​နေ​စဉ် အာ​ခ​ဇိ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​သည့် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​နှင့် အာ​ခ​ဇိ​၏​တူ​တော်​တို့​ကို​တွေ့​မြင်​လေ ၏။-

သူ​သည်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လျက်​ကျန်​ရစ်​ခဲ့​၏။ ရန်​သူ​များ​ဆုတ်​ခွာ​သွား​သော​အ​ခါ​အ​မတ် နှစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏ သား​ကို​သတ်​သည့်​အ​တွက် လက်​စား​ချေ​သည့် အ​နေ​ဖြင့်​လျှို့​ဝှက်​ကြံ​စည်​ကာ​သူ့​အား သ​လွန်​ပေါ်​တွင်​လုပ်​ကြံ​ကြ​၏။ သူ​၏ အ​လောင်း​ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ သော်​လည်း​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​၌ မ​သင်္ဂြိုဟ်​ကြ​ချေ။-

ထာ​ဝရ​ဘု​ရား​အား​အာ​မ​ဇိ​ပုန်​ကန်​ချိန်​မှ အ​စ​ပြု​၍ သူ့​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင်​လျှို့​ဝှက်​ကြံ​စည်​မှု​ရှိ​ခဲ့​၏။ နောက်​ဆုံး ၌​သူ​သည်​လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့​ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-

အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်​လုပ်​ကြံ​ကြ​၏။-

သင်​တို့​သည်​စိတ်​နှ​လုံး​အကြွင်း​မဲ့​နှင့်​ရှာ​မည် ဖြစ်​သ​ဖြင့် ငါ့​ကို​ရှာ​၍​တွေ့​ရှိ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ