၂ ရာချုပ် 22:11Common Language Bibleအာခဇိတွင်ယောရှေဘဆိုသူအဖေတူ အမေကွဲညီမတစ်ယောက်ရှိ၏။ သူသည် ယောယဒနာမည်ရှိယဇ်ပုရောဟိတ်နှင့် အိမ်ထောင်ကျ၏။ ယောရှဘသည်အသတ် ခံရမည့်မင်းညီမင်းသားများအနက် အာခဇိ၏သားယောရှအားလျှို့ဝှက်စွာ ကယ်ဆယ်ပြီးလျှင် နို့ထိန်းတစ်ယောက်နှင့် အတူဗိမာန်တော်ရှိအိပ်ခန်း၌ဝှက်ထား လေသည်။ သူသည်ယင်းသို့ဝှက်ထားခြင်း အားဖြင့် သူငယ်အားအာသလိ၏ဋ္ဌား ဘေးမှလွတ်မြောက်စေ၏။- အခန်းကိုကြည့်ပါ။ |
အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။-
ယောယဒသည်ခြောက်နှစ်မျှစောင့်ဆိုင်းနေ ပြီးနောက် အရေးယူဆောင်ရွက်ရန်အချိန်ကျ ပြီဖြစ်ကြောင်းဆုံးဖြတ်လျက် တပ်မတော် အရာရှိငါးဦးဖြစ်ကြသောယေရောဟံ ၏သားအာဇရိ၊ ယောဟနန်၏သားဣရှမေလ၊ သြဗက်၏သားအာဇရိ၊ အဒါယ၏သား မာသေယ၊ ဇိခရိသားဧလိရှဖတ်တို့ နှင့်သဘောတူညီချက်ရပြီးနောက်၊-