၂ ရာချုပ် 21:19Common Language Bibleထိုရောဂါသည်နှစ်နှစ်နီးပါးမျှတစ်နေ့ တစ်ခြားပိုမိုဆိုးရွားလာပြီးလျှင် နောက်ဆုံး ၌မင်းကြီးသည်ပြင်းပြသောဝေဒနာနှင့် ကွယ်လွန်လေ၏။ ပြည်သူတို့သည်သူ၏ဘိုး ဘေးတို့အတွက်မီးပုံပွဲများပြုသကဲ့သို့ သူ့အတွက်မပြုကြ။ အခန်းကိုကြည့်ပါ။ |
သူသည်ပြင်းစွာဒဏ်ရာရလျက်ကျန်ရစ်ခဲ့၏။ ရန်သူများဆုတ်ခွာသွားသောအခါအမတ် နှစ်ယောက်သည်ယဇ်ပုရောဟိတ်ယောယဒ၏ သားကိုသတ်သည့်အတွက် လက်စားချေသည့် အနေဖြင့်လျှို့ဝှက်ကြံစည်ကာသူ့အား သလွန်ပေါ်တွင်လုပ်ကြံကြ၏။ သူ၏ အလောင်းကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ သော်လည်းဘုရင်တို့၏သင်္ချိုင်းတော်၌ မသင်္ဂြိုဟ်ကြချေ။-
အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။