Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 20:34

Common Language Bible

ယော​ရှ​ဖတ်​၏​နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင် အောင်​သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​၏​တစ်​စိတ် တစ်​ဒေ​သ​ဖြစ်​သော​ဟာ​နန်​၏​သား​ယေ​ဟု အတ္ထု​ပ္ပတ္တိ​တွင်​ရေး​ထား​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​ထံ​သို့၊ ဗာ​ရှာ အား​ဆင့်​ဆို​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​၏။ ``သင်​သည်​မ​ရေ ရာ​သူ​ဖြစ်​ခဲ့​သော်​လည်း ငါ​သည်​သင့်​အား​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​ပင် အ​ပြစ်​ကူး​ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​အား လည်း​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့ လေ​ပြီ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​သည်​ဖြစ်​၍၊-

သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့်​ဗာ​ရှာ အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား နှင့်​အ​ညီ ဇိ​မ​ရိ​သည်​ဗာ​ရှာ​နှင့်​အိမ်​ထောင် စု​သား​အ​ပေါင်း​ကို​သတ်​လေ​သ​တည်း။-

ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။

ယော​ရှ​ဖတ်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​၏​စွန့်​စား​မှု​များ​နှင့် သူ​ဆင်​နွှဲ​ခဲ့​သည့်​တိုက်​ပွဲ​များ​ကို​လည်း​ကောင်း ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-

အ​ဘိ​ယ​ပြော​ဆို​ခဲ့​သော​စ​ကား​များ၊ သူ ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ကျန် ရှိ​နေ​သေး​သော​သူ​၏​အတ္ထု​ပ္ပတ္တိ​အ​ကြောင်း အ​ရာ​များ​ကို ပ​ရော​ဖက်​ဣ​ဒေါ​စီ​ရင်​သော စာ​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။

အာ​သ​၏​လက်​ထက်​၌​ဖြစ်​ပျက်​သ​မျှ​သော အမှု​အ​ရာ​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-

ထို​အ​ချိန်​၌​ပ​ရော​ဖက်​ဟာ​နန်​သည်​အာ​သ မင်း​ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​မိ​မိ​၏ ဘု​ရား​သ​ခင်​ကို​အား​ကိုး​မည့်​အ​စား​ရှု​ရိ မင်း​ကို​အား​ကိုး​သည်​ဖြစ်​၍​ဣ​သ​ရေ​လ ၏​တပ်​မ​တော်​သည်​ဘု​ရင်​မင်း​၏​လက်​မှ​လွတ် မြောက်​သွား​လေ​ပြီ။-

ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။-

နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင်​အောင်​အာ​မ​ဇိ ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ