သူသည်မိမိခမည်းတော်အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက်တွင်ဖြောင့် မှန်သည့်အမှုကိုသာပြုကျင့်၏။-
အာသသည်မိမိ၏ဘိုးဘေးဒါဝိဒ်ကဲ့သို့ ထာဝရဘုရားနှစ်သက်တော်မူသောအမှု တို့ကိုပြု၏။-
ရုပ်တုကိုးကွယ်ရာဌာနရှိသမျှကိုမဖျက် ဆီးသော်လည်း အာသသည်တစ်သက်လုံး ထာဝရဘုရားကိုသစ္စာစောင့်တော်မူလေ သည်။-
ယောရှဖတ်သည်သက်တော်သုံးဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ သူ၏မယ်တော်မှာရှိလဟိ၏သမီး အဇုဘဖြစ်၏။-
သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို မဖြိုဖျက်။ ပြည်သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား စိတ် ပါလက်ပါကိုးကွယ်ဝတ်ပြုမှုကိုမပြုကြ သေးပေ။
ငါသည်ထာဝရဘုရား၏ပညတ်တော်ကို လိုက်လျှောက်ခဲ့၏။ ငါ၏ဘုရားထံတော်မှရှောင်ခွာ၍မသွား ခဲ့ပါ။
သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။ သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။