၂ ရာချုပ် 20:29Common Language Bibleဣသရေလအမျိုးသားများ၏ရန်သူတို့ ကို ထာဝရဘုရားအဘယ်သို့နှိမ်နင်းတော်မူ ကြောင်းကိုကြားသိရသည့်လူမျိုးအပေါင်း တို့သည်ကြောက်လန့်ကြကုန်၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
ထိုသူတို့ကိုအာသနှင့်သူ၏တပ်သားတို့ သည်ဂေရာမြို့တိုင်အောင်လိုက်လံတိုက်ခိုက် ကြလေသည်။ ဆူဒန်အမျိုးသားအမြောက် အမြားကျဆုံးသဖြင့်သူတို့သည်ပြန်လည် တိုက်ခိုက်ရန်စုရုံးနိုင်စွမ်းမရှိကြတော့ချေ။ ထာဝရဘုရားနှင့်ယုဒတပ်မတော်၏လက် တွင်အရေးရှုံးနိမ့်ကြလေ၏။ ယုဒတပ်မ တော်သားတို့သည်လည်းလက်ရပစ္စည်းအမြောက် အမြားကိုသိမ်းယူရရှိကြလေသည်။-
ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
ယော်ဒန်မြစ်အနောက်ဘက်တွင်စိုးစံသောအာ မောရိဘုရင်များနှင့် မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်စိုးစံသောခါနာန်ဘုရင်အပေါင်း တို့သည် ဣသရေလအမျိုးသားတို့ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးသည်အထိ မြစ်ရေကို ထာဝရဘုရားခန်းခြောက်စေတော်မူကြောင်း ကြားသိရကြ၏။ ထိုကြောင့်သူတို့သည် ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့ ၍စိတ်ပျက်အားလျော့ကြကုန်၏။