၂ ရာချုပ် 20:26Common Language Bibleလေးရက်မြောက်သောနေ့၌သူတို့သည်ဗရာခ ချိုင့်ဝှမ်းတွင်စုရုံးကြလျက် ဘုရားသခင်ပြု တော်မူသောကျေးဇူးတော်အပေါင်းအတွက် ကိုယ်တော်အားထောမနာပြုကြကုန်၏။ ဤ သည်ကိုအကြောင်းပြု၍ထိုချိုင့်ဝှမ်းကို ဗရာခ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။- အခန်းကိုကြည့်ပါ။ |
သင်တို့သည်ဧသောနှင့်တွေ့သောအခါ`ကိုယ်တော် ၏အစေခံယာကုပ်သည်ကျွန်ုပ်တို့နောက်မှလိုက် ပါလာပါသည်' ဟုပြောရမည်'' ဟူ၍မှာကြား ၏။ ယာကုပ်က``ယခုပေးလိုက်သောလက်ဆောင် များအားဖြင့် အစ်ကို၏စိတ်ကိုပြေစေ၍သူ နှင့်တွေ့ဆုံရသောအခါ ငါ့အပြစ်ကိုခွင့် လွှတ်ကောင်းခွင့်လွှတ်ပေလိမ့်မည်'' ဟု စိတ်ကူးမိလေ၏။-
သူတို့၏တပ်မှူးများမှာဂိဗာမြို့သား ရှေမာ၏သားဖြစ်ကြသော အဟေဇာနှင့် ယောရှတို့ဖြစ်ကြ၏။ စစ်သူရဲများမှာအောက်ပါအတိုင်းဖြစ်သည်။ အာဇမာဝက်၏သားများဖြစ်ကြသော ယေဇေလနှင့်ပေလက်။ အနသုတ်မြို့သားဗေရာခနှင့်ယေဟု။ ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂိဗောင်မြို့သားနာမည်ကျော်စစ်သူရဲဣရှမာယ။ ဂေဒရမြို့သားများဖြစ်ကြသောယေရမိ၊ ယဟာဇေလ၊ယောဟနန်နှင့်ယောဇဗဒ်။ ဟရုဖိမြို့သားများဖြစ်ကြသောဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ရှေမရိနှင့်ရှေဖတိ။ ကောရသားချင်းစုမှဧလကာန၊ယေရှာ၊ အာဇရေလ၊ယောဇာနှင့်ယာရှောဗ။ ဂေဒေါ်မြို့သားယေရောဟံ၏သားများ ဖြစ်ကြသော ယောလာနှင့်ဇေဗဒိတို့ဖြစ်ကြ၏။
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။ သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။ သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။ သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။