၂ ရာချုပ် 20:24Common Language Bibleယုဒတပ်မတော်သည်သဲကန္တာရရှိကင်းမျှော် စင်သို့ရောက်သောအခါ ရန်သူတို့ဘက်သို့ကြည့် လိုက်ရာတစ်ယောက်မကျန်မြေပေါ်တွင်လဲသေ နေကြသည်ကိုမြင်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
ဗာဗုလုန်အမျိုးသားတို့အားလူအချို့ သည်တိုက်ခိုက်ကြလိမ့်မည်။ ငါအမျက် ဒေါသထွက်၍ကွပ်မျက်မည့်လူတို့၏ အလောင်းများဖြင့် သူတို့သည်ဤမြို့ကို ပြည့်နှက်နေစေကြလိမ့်မည်။ မြို့သူမြို့ သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက်များ ကြောင့်ငါသည်ဤမြို့ကိုမျက်နှာလွှဲ တော်မူပြီ။-