Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 20:2

Common Language Bible

သ​တင်း​ပို့​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ထံ​လာ ရောက်​၍``အင်​အား​ကြီး​မား​သည့်​တပ်​ကြီး​တစ် တပ်​သည်​အ​ရှင့်​အား တိုက်​ခိုက်​ရန်​ပင်​လယ်​သေ တစ်​ဖက်​ကမ်း​ဧ​ဒုံ​ပြည်​မှ​ချီ​တက်​လာ​ပါ​ပြီ။ သူ​တို့​သည်​အင်္ဂေ​ဒိ​ခေါ်​ဟာ​ဇ​ဇုန္တာ​မာ​မြို့​ကို သိမ်း​ယူ​လိုက်​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဤ​ဘု​ရင်​ငါး​ပါး​တို့​သည်​မ​ဟာ​မိတ်​ဖွဲ့​၍ ယ​ခု​အ​ခါ​ပင်​လယ်​သေ​ဟု​ခေါ်​သော စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စစ်​စ​ခန်း​ချ​လျက်​ရှိ​ကြ​၏။-

ထို​နောက်​အ​ပြန်​ခ​ရီး​တွင်​ကာ​ဒေ​ရှ​မြို့(ထို​စဉ်​က အင်​မိ​ရှ​ပတ်​ဟု​တွင်​သည်) သို့​ရောက်​ပြီး​လျှင် အာ​မ​လက်​ပြည်​တစ်​ခု​လုံး​နှင့်​ဟာ​ဇ​ဇုန္တာ​မာ မြို့​၌​နေ​ထိုင်​ကြ​သော အာ​မော​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။

ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။

အင်္ဂေ​ဒိ​စိမ့်​စမ်း​မှ​အ​စ​ပြု​၍​ဧ​နေ​ဂ​လိမ် စိမ့်​စမ်း​တိုင်​အောင်​ပင်​လယ်​နား​တစ်​လျှောက် လုံး​တွင်​ရေ​လုပ်​သား​တို့​နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ပိုက်​ကွန်​များ​ကို​လှန်း​ကြ​လိမ့်​မည်။ မြေ​ထဲ​ပင်​လယ်​တွင်​တွေ့​ရှိ​ရ​သည့်​ငါး အ​မျိုး​မျိုး​တို့​ကို​ဤ​အ​ရပ်​တွင်​လည်း တွေ့​ရှိ​ရ​လိမ့်​မည်။-

``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။

ဂဒ်​အ​နွယ်​အား​ပေး​စေ​သည့်​မြေ​ယာ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ​ကာ​ဒေ​ရှ​စိမ့်​စမ်း​အ​ထိ​ဖြစ်​၍ ထို​မှ​အ​နောက်​မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​အ​တိုင်း​လိုက်​၍​မြေ​ထဲ​ပင်​လယ်​အထိ​ဖြစ်​၏။

တောင်​ဘက်​ယော်​ဒန်​မြစ်​တစ်​လျှောက်​သွား​၍ ပင်​လယ်​သေ​တွင်​အ​ဆုံး​သတ်​ရ​မည်။ ``သင်​တို့​ပြည်​၏​နယ်​နိ​မိတ်​တို့​သည်​ကား အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​ဖြစ်​သည်'' ဟူ ၍​ဖြစ်​၏။

နိ​ဗ​ရှန်​မြို့၊ ဣ​ရ​မေ​လက်​မြို့​နှင့်​အင်္ဂေဒိ​မြို့ ဟူ​၍​မြို့​ကြီး​ခြောက်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။

ရေ​စီး​ရပ်​တန့်​၍​မြစ်​ညာ​ဘက်​အ​တန်​ကွာ ဝေး​သော​နေ​ရာ​၌ တည်​ရှိ​သည့်​ဇာ​ရ​တန် မြို့​အ​နီး​အာ​ဒံ​မြို့​၌​ရေ​စု​ပုံ​လျက်​ရှိ​လေ သည်။ ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သော​မြစ် ရေ​သည်​ပြတ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​တစ်​ဘက်​ကမ်း သို့​ဖြတ်​ကူး​နိုင်​ကြ​လေ​သည်။-

ဒါ​ဝိဒ်​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​၍ အင်္ဂေ​ဒိ ဒေ​သ​သို့​သွား​ရောက်​ပုန်း​အောင်း​လျက်​နေ လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ