Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 20:19

Common Language Bible

ကော​ဟတ်​နှင့်​ကော​ရ​သား​ချင်း​စု​များ​မှ​လေဝိ အ​နွယ်​ဝင်​တို့​သည်​မတ်​တပ်​ရပ်​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင်​ထာ​ဝရ​ဘု​ရား အား​အ​သံ​ကျယ်​စွာ​ထော​မ​နာ​ပြု​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထော​မ​နာ​သီ​ချင်း​များ​ကို​သီ​ဆို​ချိန်​၌​ဟေ​မန် နှင့်​ယေ​ဒု​သုန်​တို့​သည်​တံပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့် အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး​မှုတ်​ရာ​၌​လည်း တာ​ဝန်​ယူ​ရ​ကြ​၏။ ယေ​ဒု​သုန်​၏​သား​ချင်း​စု မှ​လူ​တို့​သည် တံ​ခါး​များ​ကို​တာ​ဝန်​ယူ​၍ စောင့်​ရ​သူ​များ​ဖြစ်​ကြ​၏။

သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊-

လူ​လေး​ထောင်​တို့​အား​တံ​ခါး​စောင့်​တာ​ဝန်​ကို အပ်​နှင်း​လျက် အ​ခြား​လေး​ထောင်​တို့​ကို​မင်း ကြီး​ပေး​အပ်​ထား​သည့်​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​ရန် ခွဲ​ခန့်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။

ထို​အ​ခါ​ယော​ရှ​ဖတ်​မင်း​သည်​မြေ​သို့​တိုင် အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ပြည်​သူ အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​နှင့်​အ​တူ ပျပ်​ဝပ်​ကာ​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ကြ​၏။-

နောက်​တစ်​နေ့​နံ​နက်​စော​စော​၌ ပြည်​သူ​တို့​သည် တေ​ကော​အ​နီး​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား ကြ​၏။ ထွက်​ခွာ​စ​ပြု​သော​အ​ခါ ယော​ရှ​ဖတ် သည်​ပြည်​သူ​တို့​အား``ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လျှင်​ရပ်​တည်​နိုင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ဟော​ကြား သည်​ကို​ယုံ​ကြည်​ကြ​လျှင်​အောင်​မြင် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​ဆောက်​လုပ်​ထား သော​စင်​မြင့်​ပေါ်​တွင်​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗုန္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ​နှင့်​ခေ​န​နိ​တို့​သည် ရပ်​လျက် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။

အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌ ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။

လူ​အ​ပေါင်း​တို့၊ဤ​စ​ကား​ကို​နာ​ယူ​ကြ​လော့။ အ​ယုတ်​အ​မြတ်၊ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ အ​ရပ်​တ​ကာ​ရှိ​လူ​ခပ်​သိမ်း​တို့​နား​ထောင်​ကြ​လော့။

ငါ​တို့​ဘက်​မှ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​ဘု​ရား​သ​ခင်​အား ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လော့။ ယာ​ကုပ်​၏​ဘု​ရား​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။

ကော​ရ​၏​သား​သုံး​ယောက်​တို့​မှာ​အ​ဿိ​ရ၊ ဧ​လ ကာ​န၊ အ​ဗျာ​သပ်​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် ကော​ရ​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​များ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ