Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 20:13

Common Language Bible

ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သား မယား​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​ရှေ့​တွင် ရပ်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။

ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​သည်​လူ​အုပ်​ထဲ​တွင် ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မူ​၏။ ထို​သူ​သည်​ဇာ​ခ​ရိ သား​ယ​ဟာ​ဇေ​လ​ဖြစ်​၏။ မတ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ​နှင့်​အာ​သပ်​မှ​ဆင်း​သက်​လာ​သူ အာ​သပ်​အ​နွယ်​ဝင်​တည်း။-

ဧ​ဇ​ရ​သည်​ဗိ​မာန်​တော်​ရှေ့​တွင်​ခေါင်း​ငုံ့​လျက် ငို​ကြွေး​ကာ ဤ​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​နေ​စဉ် ဣ​သ​ရေ​လ အ​မျိုး​သား၊ အ​မျိုး​သ​မီး​နှင့်​က​လေး​ပါ ဝင်​သော​လူ​အုပ်​ကြီး​သည်​ငို​ကြွေး​လျက် သူ့​ထံ​စု​ရုံး​ကြ​ကုန်​၏။-

လူ​တို့​ကို​ခေါ်​ယူ​စု​ဝေး​၍​မြင့်​မြတ်​သော စည်း​ဝေး​ပွဲ တစ်​ရပ်​ကို​ပြင်​ဆင်​ကြ​လော့။ အ​သက်​ကြီး​သူ​များ​ကို​ခေါ်​ဖိတ်​၍ က​လေး​သူ​ငယ်​များ​နှင့်၊နို့​စို့​ရွယ်​များ​ကို​ပါ စု​ဝေး​စေ​ကြ​လော့။ ထိမ်း​မြား​မင်္ဂ​လာ​ပြု​ပြီး​ခါ​စ ဇ​နီး​မောင်​နှံ​များ​ပင်​လျှင်​မိ​မိ​တို့​၏​အ​ခန်း များ​ကို စွန့်​ခွာ​လာ​ရ​ကြ​ပေ​မည်။

နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ယုံ​ကြ​၏။ သို့​ဖြစ်​၍ နောင်​တ​ရ​သည့်​လက္ခ​ဏာ​ဖြင့်​ဂုဏ်​ရှိ​ဂုဏ်​မဲ့ တစ်​ယောက်​မ​ကျန်​အ​စာ​ရှောင်​၍​လျှော်​တေ ကို​ဝတ်​ကြ​ရန်​ဆုံး​ဖြတ်​ကြ​၏။

သို့​ရာ​တွင်​ခု​နစ်​ရက်​စေ့​သော​အ​ခါ ကျွန်ုပ်​တို့ သည်​ဆက်​၍​ခ​ရီး​ပြု​ကြ​လေ​သည်။ တ​ပည့် တော်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ဇ​နီး​များ၊ က​လေး​များ​နှင့်​အ​တူ​မြို့​ပြင်​ပင်​လယ်​ကမ်း သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ကျွန်ုပ်​တို့​သည် ပင်​လယ်​ကမ်း​ပေါ်​တွင်​ဒူး​ထောက်​၍​ဆု​တောင်း ကြ​၏။-

``ယ​နေ့​တွင်​သင်​တို့​၏​ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ အ​မျိုး​သား​အ​မျိုး​သမီး​များ နှင့် က​လေး​များ၊ သင်​တို့​အ​တွက်​သစ်​ခုတ်​ရေ သယ်​သ​မား​များ​ဖြစ်​ကြ​သော​သင်​တို့​နှင့် အ​တူ နေ​ထိုင်​သည့်​လူ​မျိုး​ခြား​များ​မှ​စ​၍ သင်​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ရပ်​လျက်​ရှိ​နေ​ကြ​၏။-

သင်​တို့​ပြု​လေ​သ​မျှ​တို့​၌​အောင်​မြင်​ရန် ယ​ခု​ပြု​မည့်​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ