Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 2:7

Common Language Bible

ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သြ​ဖိ​ရ​မြို့​မှ​ရွှေ​များ​ကို​တင်​ဆောင်​လာ​သော ဟိ​ရံ​၏​သင်္ဘော​စု​သည် စန္ဒ​ကူး​သား​နှင့်​ကျောက် မျက်​ရ​တ​နာ​မြောက်​မြား​စွာ​ကို​လည်း​ယူ ဆောင်​ခဲ့​လေ​သည်။-

ကွယ်​လွန်​သွား​ပြီ​ဖြစ်​သော​သူ​၏​ဖ​ခင်​သည်​လည်း တု​ရု​မြို့​တွင်​နေ​ထိုင်​ခဲ့​၍​လက်​ရာ​မြောက်​သည့် ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ပင်​ဖြစ်​သည်။ သူ​၏ မိ​ခင်​မှာ​န​ဿ​လိ​အ​နွယ်​ဝင်​ဖြစ်​ပေ​သည်။ ဟိ​ရံ သည်​အ​သိ​ဉာဏ်​ရှိ​၍​အ​လုပ်​ရည်​ဝ​သူ​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရှော​လ​မုန်​မင်း​ဖိတ်​ခေါ်​စေ​ခိုင်း သည့်​အ​တိုင်း ကြေး​ဝါ​လုပ်​ငန်း​မှန်​သ​မျှ​ကို တာ​ဝန်​ယူ​၍​ဆောင်​ရွက်​လေ​သည်။

ဘု​ရား​သ​ခင်​သည်​သူ့​အား​အ​သိ​ဉာဏ်​ပေး ထား​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ​အ​ဘယ် သို့​လုပ်​ဆောင်​ရ​မည်​ကို​သိ​၏။-

သူ​သည်​ဤ​အ​သိ​ပ​ညာ​မှန်​သ​မျှ​ကို အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​ရှိ ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​ကြံ​အ​စည်​တော်​တို့​သည် ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​နှင့်​ပြည့်​စုံ​၍​အ​စဉ်​အောင် မြင်​မှု​ရှိ​ပါ​ပေ​သည်။

ထာ​ဝ​ရ​ဘု​ရား​က​ယေ​ရု​ရှ​လင်​မြို့​အား ``လူ​မျိုး​ခြား​တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​များ​သည်​လည်း​သင်​တို့​၏ အ​စေ​ကို​ခံ​ကြ​လိမ့်​မည်။ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား အ​ပြစ်​ဒဏ်​ခတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​သင်​တို့​အား​မျက်​နှာ သာ​ပေး​၍ က​ရု​ဏာ​ပြ​တော်​မူ​မည်။

သူ​တို့​သည်​ဟေ​ရ​မုန်​တောင်​မှ ထင်း​ရှူး​ပင်​များ​ကို​ပျဉ်​အ​တွက်၊ လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​ကို ရွက်​တိုင်​အ​တွက်​အ​သုံး​ပြု​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ