Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 2:3

Common Language Bible

ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

တု​ရု​ဘု​ရင်​ဟိ​ရံ​မင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​လေ​၏။ နန်း​တော်​တည် ဆောက်​ရန်​အ​တွက်​သစ်​က​တိုး​သစ်၊ လက်​သ​မား နှင့်​ပန်း​ရန်​ဆ​ရာ​များ​ကို​လည်း​ပေး​ပို့​လိုက်​၏။-

တု​ရု​မြို့​မှ​ဟိ​ရံ​မင်း​သည်​ဒါဝိဒ်​ထံ​သို့​ကုန်​သွယ် ရေး​သံ​တ​မန်​အ​ဖွဲ့​တစ်​ဖွဲ့​ကို​စေ​လွှတ်​ကာ နန်း တော်​တည်​ဆောက်​ရန်​အ​တွက်​အာ​ရဇ်​သစ်​များ နှင့်​တ​ကွ လက်​သ​မား​များ၊ ပန်း​ရံ​များ​ကို ပေး​ပို့​လိုက်​၏။-

သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။-

သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။-

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ ဖြင့်​ပြီး​သော​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​စေ​တော်​မူ​၏။ ထို​အ​ရာ​များ​မှာ​ရွှေ​ယဇ် ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ​များ၊-

သူ​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​ဥ​ပုသ်​နေ့ များ၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​တစ်​နှစ်​တစ် ကြိမ်​ကျင်း​ပ​ရ​သည့်​ပွဲ​တော်​သုံး​ခု​ဖြစ်​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်၊ ကောက်​သိမ်း​ပွဲ​တော်​နှင့် သစ်​ခက်​တဲ​နေ​ပွဲ​တော်​နေ့​တို့​တွင်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​တော်​မူ​၏။-

ထို​စာ​လိပ်​တွင်``ကု​ရု​ဘု​ရင်​သည်​မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ယဇ်​များ​ကို​ပူ​ဇော်​ရန်​နှင့် ပူ​ဇော်​သကာ​များ​ကို​မီး​ရှို့​ရန်​ဌာ​န​တော်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရ​မည်​ဟု​အ​မိန့်​တော်​ရှိ​၏။ ဗိ​မာန်​တော်​သည်​အ​မြင့်​ပေ​ကိုး​ဆယ်​နှင့်​အ​ချင်း​ပေ​ကိုး​ဆယ်​ရှိ​ရ​မည်။-

ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​ကျမ်း​အ​ရ​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​မီး​ရှို့ ပူ​ဇော်​ရန်​အ​တွက် လို​အပ်​သည့်​ထင်း​များ​ကို အ​ဘယ်​သား​ချင်း​စု​တို့​က​ဆောင်​ခဲ့​ရ​ကြ မည်​ကို​နှစ်​စဉ်​နှစ်​တိုင်း​မဲ​ချ​ဆုံး​ဖြတ်​ကြ ပါ​မည်။

ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။

``ယဇ်​ပလ္လင်​ပေါ်​တွင်​နေ့​စဉ်​မ​ပြတ်​တစ်​နှစ် သား​သိုး​က​လေး​နှစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-

နံ​နက်​တွင်​တစ်​ကောင်၊ ည​နေ​တွင်​တစ်​ကောင် ပူ​ဇော်​ရ​မည်။-

ည​နေ​တွင်​ဒု​တိ​ယ​သိုး​ကို​ပူ​ဇော်​လော့။ နံ နက်​တွင်​ပူ​ဇော်​သော​မုန့်​ညက်၊ သံ​လွင်​ဆီ၊ စ​ပျစ် ရည်​အ​ခြင်​အ​တွယ်​အ​တိုင်း၊ ည​နေ​၌​လည်း ပူ​ဇော်​လော့။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​မွှေး​ကြိုင်​သည့်​ပူ​ဇော် သ​ကာ​ဖြစ်​၏။-

အာ​ရုန်​သည်​နံ​နက်​တိုင်း​မီး​ခွက်​များ​ကို​ပြင် သော​အ​ခါ၊ ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​ရ​မည်။-

ထို့​နောက်​သူ​သည်​ဘော​ဇဉ်​သ​ကာ​ထဲ​မှ​မုန့် ညက်​လက်​တစ်​ဆုပ်​စာ​ကို​ယူ​၍ ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​သည်။ (နေ့​စဉ်​မီး​ရှို့​ပူ​ဇော် သော​ယဇ်​အ​ပြင်​ထပ်​ဆင့်​ပူ​ဇော်​ခြင်း​ဖြစ် သည်။-)

လ​ဆန်း​တစ်​ရက်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား အား အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​ပျို​နှစ် ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။-

ဥ​ပုသ်​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​တစ် နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်၊ သံ​လွင်​ဆီ နှင့်​ဂျုံ​မုန့်​ညက်​လေး​ပေါင်​ကို​ရော​နယ်​ထား သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့​ကို ပူ​ဇော်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ