၂ ရာချုပ် 2:1Common Language Bibleရှောလမုန်သည်ထာဝရဘုရားအားဝတ် ပြုကိုးကွယ်ရန်အတွက်ဗိမာန်တော်ကို လည်းကောင်း၊ မိမိ၏အတွက်နန်းတော်ကို လည်းကောင်းတည်ဆောက်ရန်အကြံရှိတော် မူ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
မိုးမြေကိုဖန်ဆင်းတော်မူသောဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြစေသတည်း။ ကိုယ် တော်သည်ဒါဝိဒ်အားအသိအလိမ္မာဉာဏ် ပညာရှိသောသားတော်တစ်ပါးကိုပေး တော်မူ၏။ ထိုသားတော်သည်ယခုထာဝရ ဘုရားအတွက်ဗိမာန်တော်နှင့် မိမိအတွက် နန်းတော်ကိုတည်ဆောက်ရန်အကြံအစည် ရှိ၏။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-