၂ ရာချုပ် 19:10Common Language Bibleအခြားမြို့များတွင်နေထိုင်သောအမျိုးသား ချင်းတို့သည်လူသတ်မှုကိုဖြစ်စေ၊ တရား ဥပဒေသို့မဟုတ်ပညတ်တော်ကိုလွန်ကူး မှုကိုဖြစ်စေသင်တို့ထံသို့ယူဆောင်လာသည့် အခါတိုင်း သူတို့သည်တရားစီရင်ရာတွင် ထာဝရဘုရားအားမပြစ်မှားမိစေရန်သင် တို့ကသေချာစွာညွှန်ကြားရကြမည်။ ယင်း သို့မပြုပါမူသင်တို့နှင့်သူတို့၏အပေါ်သို့ ထာဝရဘုရား၏အမျက်တော်သက်ရောက် လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ တာဝန်ရှိသည်အတိုင်းဆောင်ရွက်ကြလျှင် မူကားအပြစ်လွှတ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
မောရှေကအာရုန်အား``သင်၏မီးကျီးခဲ များကိုယူ၍ထည့်ပြီးလျှင်နံ့သာပေါင်း ကိုမီးကျီးခဲပေါ်တွင်တင်လော့။ ထိုနောက် မီးကျီးခံအိုးကိုလူအပေါင်းတို့ထံသို့ အလျင်အမြန်ယူဆောင်သွားပြီးလျှင်သူ တို့အတွက်သန့်စင်ခြင်းဝတ်ကိုပြုလော့။ ထာဝရဘုရားသည်သူတို့ကိုအမျက် ထွက်သဖြင့်သူတို့တွင်ရောဂါဆိုက်ရောက် စေပြီ'' ဟုဆိုလေ၏။-
လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-