ယောရှဖတ်မင်းသည်ယေရုရှလင်မြို့နန်း တော်သို့ ကောင်းမွန်ချောမောစွာပြန်လည်ရောက်ရှိ တော်မူ၏။-
တိုက်ပွဲဖြစ်လျက်နေချိန်၌အာဟပ်မင်းသည် ရှုရိတပ်ကိုမျက်နှာမူလျက် မိမိရထားပေါ် တွင်မှီ၍ထိုင်နေ၏။ နေဝင်ချိန်၌ကွယ်လွန် လေ၏။
ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-