၂ ရာချုပ် 18:3Common Language Bibleသူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။ ယောရှဖတ်က``ကျွန်ုပ်ဝင်ပါမည်။ ကျွန်ုပ်သည် အဆွေတော်ခိုင်းရာကိုပြုရန်အသင့်ရှိပါ သည်။ ကျွန်ုပ်၏စစ်သည်တော်များ၊ မြင်းများ သည်လည်းအဆွေတော်၏စစ်သည်၊ မြင်းများ ကဲ့သို့ဖြစ်ပါ၏။-
နှစ်အနည်းငယ်ကြာသောအခါယောရှဖတ် သည် အာဟပ်ထံလည်ပတ်ရန်ရှမာရိမြို့သို့ ရောက်ရှိလာလေသည်။ အာဟပ်သည်ယောရှ ဖတ်နှင့်တကွသူနှင့်လိုက်ပါလာသူတို့ကို ဂုဏ်ပြုရန် သိုးနွားအမြောက်အမြားကိုသတ် ၍ဧည့်ခံပွဲကျင်းပတော်မူ၏။ သူသည်ယော ရှဖတ်အားမိမိနှင့်အတူဂိလဒ်ပြည်ရာ မုတ်မြို့ကိုတိုက်ခိုက်ရန်သွေးဆောင်လေ၏။-