Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 18:29

Common Language Bible

အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​ရောက် သော​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား ပါ​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ ကို​ဝတ်​ဆင်​လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို​ပြီး​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​သည် ရုပ်​ဖျက်​၍​တိုက်​ပွဲ​ဝင်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။-

ထို​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည်​ဂိ​လဒ်​ပြည်၊ ရာ​မုတ် မြို့​သို့​ချီ​တက်​ကြ​၏။-

ရှု​ရိ​ဘု​ရင်​သည်​မိ​မိ​၏​ရ​ထား​တပ်​မှူး​တို့ အား​ဣသ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-

သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။

လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။

ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။

ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''

ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ