၂ ရာချုပ် 18:11Common Language Bibleအခြားပရောဖက်အပေါင်းတို့သည်လည်း ဤအတိုင်းပင်မင်းကြီးအားလျှောက်ထား ကြ၏။ သူတို့က``ရာမုတ်မြို့ကိုချီတက် တော်မူပါ။ ထာဝရဘုရားသည်အရှင့်အား အောင်ပွဲခံစေတော်မူပါလိမ့်မည်'' ဟု ဟောကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုသွားရောက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားကြလော့'' ဟုမိန့်တော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ဘုရားသခင်သည်အရှင့်အားအောင်ပွဲခံစေတော် မူပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-