Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 17:8

Common Language Bible

သူ​တို့​နှင့်​အ​တူ​လေ​ဝိ​အ​နွယ်​ဝင်​ကိုး​ဦး နှင့်​ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​လိုက်​ပါ​သွား ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှာ​ရှေ​မာ​ယ၊ နေ​သ​နိ၊ ဇေ​ဗ​ဒိ၊ အာ​သ​ဟေ​လ၊ ရှေ​မိ​ရ​မုတ်၊ ယော​န​သန်၊ အ​ဒေါ​နိ​ယ၊ တော​ဘိ​ယ၊ တော​ဘ၊ ဒေါ​နိ​ယ​တို့​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် တို့​မှာ​ဧ​လိ​ရှ​မာ​နှင့်​ယော​ရံ​တို့​ဖြစ်​ကြ ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​ဖတ်​သည်​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​များ​နှင့်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​ချိုး​ဖောက်​မှု​များ​ကို​စီ​ရင်​ရန်​အ​တွက် လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​မြို့​မိ​မြို့​ဖ​များ​အား တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-

ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သြ​ဝါ​ဒ​ပေး ရ​သော၊ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မင်း​ကြီး​က``ဒါ​ဝိဒ်​၏​သား တော်​ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​ခဲ့ သည့်​ဗိ​မာန်​တော်​တွင် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ကြ​လော့။ သင်​တို့​သည်​ထို​သေတ္တာ တော်​ကို​တစ်​နေ​ရာ​မှ​တစ်​နေ​ရာ​သို့​ပြောင်း ရွှေ့​မှု​မ​ပြု​ကြ​တော့​ဘဲ သင်​တို့​ဘု​ရား​သခင် ထာ​ဝရ​ဘု​ရား​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော် အ​တွက်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ မည်။-

ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ