Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 17:17

Common Language Bible

ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး​သည်​ဧ​လျာ​ဒ ဖြစ်​၏။ သူ​သည်​လေး​နှင့်​ဒိုင်း​လွှား​ကိုင်​စစ်​သည် တော်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​သူ၊ ထူး​ချွန်​သည့် စစ်​သူ​ရဲ​တစ်​ဦး​ဖြစ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား​လုံး​သည်​မိ​မိ​တို့​သား​ချင်း​စု ထဲ​မှ​အိမ်​ထောင်​ဦး​စီး​များ၊ ထင်​ပေါ်​ကျော် စော​သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့ ၏​သား​မြေး​များ​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည် အ​ချင်း​ပြည့်​သူ​လူ​ပေါင်း​တစ်​သောင်း​ခုနစ် ထောင့်​နှစ်​ရာ​ယောက်​ရှိ​သည်။-

မင်း​ကြီး​က​ယု​ဒ​ပြည်​သူ​တို့​အား``မြို့​ရိုး များ၊ ပြ​အိုး​များ၊ ကန့်​လန့်​ကျင်​များ​တပ်​ဆင် ထား​သည့်​မြို့​တံ​ခါး​များ​နှင့်​ပြည့်​စုံ​သော မြို့​များ​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ငါ​တို့ သည်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​လိုက် လျှောက်​သည်​ဖြစ်​၍ ပြည်​တော်​ကို​ထိန်း​သိမ်း အုပ်​ချုပ်​နိုင်​ကြ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ကို ပေး​တော်​မူ​ပြီ'' ဟု​မိန့်​ဆို​သည့်​အ​တိုင်း​ခံ တပ်​မြို့​များ​ကို​တည်​ဆောက်​၍​ထ​မြောက် အောင်​မြင်​ကြ​၏။-

အာ​သ​မင်း​တွင်​ဒိုင်း​လွှား​လှံ​တံ​ကိုင်​ဆောင်​သူ ယု​ဒ​စစ်​သည်​သုံး​သိန်း​နှင့် ဗင်္ယာ​မိန်​စစ်​သည်​နှစ် သိန်း​ရှစ်​သောင်း​ပါ​ဝင်​သည့်​တပ်​မ​တော်​ရှိ​လေ သည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ရဲ​စွမ်း​သတ္တိ​ရှိ​၍ ကောင်း​စွာ​လေ့​ကျင့်​ထား​သူ​များ​ဖြစ်​ကြ​၏။

တ​တိ​ယ​တပ်​မှူး​ကား​ဇိ​ခ​ရိ​၏​သား​အာ​မ​သိ ဖြစ်​၍​စစ်​သည်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​လေ​သည်။ (အာ​မ​သိ​သည်​မိ​မိ​စေ​တ​နာ​အ​လျောက် ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် သူ​ဖြစ်​သည်။-)

သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​လက်​နက်​အ​ပြည့် အ​စုံ​နှင့် လူ​တစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ် ရ​သူ​ယော​ဇ​ဗဒ်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ