Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 17:11

Common Language Bible

ဖိ​လိတ္တိ​အ​မျိုး​သား​အ​ချို့​တို့​သည်​ယော ရှ​ဖတ်​ထံ​သို့ ငွေ​အ​မြောက်​အ​မြား​နှင့် အ​ခြား​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင် လာ​ကြ​၏။ အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့ က​လည်း​သိုး​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ် ရာ​နှင့် ဆိတ်​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ်​ရာ ကို​ယူ​ဆောင်​လာ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မင်း​ကြီး​သည်​မော​ဘ​ပြည်​သား တို့​ကို​နှိမ်​နင်း​တော်​မူ​၍ ဖမ်း​ဆီး​ရ​မိ​သူ​တို့ အား မြေ​ပေါ်​တွင်​လှဲ​ချ​စေ​ပြီး​လျှင် သုံး​ပုံ နှစ်​ပုံ​မျှ​သော​သူ​တို့​ကို​သတ်​စေ​၏။ သို့​ဖြစ် ၍​မော​ဘ​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​သ​ရ ကြ​၏။

တု​ရု​ဘု​ရင်​ဟိ​ရံ​သည် ဒါ​ဝိဒ်​မင်း​၏​အ​ဆွေ တော်​အ​ဖြစ်​နှင့်​အ​စဉ်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ ထို့​ကြောင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ကို​ရှော​လ​မုန်​ဆက်​ခံ​၍ နန်း​တက်​သည့်​အ​ကြောင်း ကို​ကြား​သိ​သော​အ​ခါ​သံ​တ​မန်​များ​ကို ရှော​လ​မုန်​ထံ​သို့​စေ​လွှတ်​လေ​သည်။-

မော​ဘ​ဘု​ရင်​မေ​ရှာ​သည်​သိုး​များ​ကို​မွေး​မြူ​ကာ နှစ်​စဉ်​နှစ်​တိုင်း​ဣ​သ​ရေ​လ​ဘု​ရင်​အား​သိုး​ငယ် အ​ကောင်​တစ်​သိန်း​ကို​လည်း​ကောင်း၊ သိုး​ကြီး​အ ကောင်​တစ်​သိန်း​မှ​ရ​ရှိ​သော​သိုး​မွေး​ကို​လည်း ကောင်း အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​ဆက်​သ​လေ့​ရှိ​၏။-

သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​တန်​ခိုး​ကြီး​သည် ထက်​ကြီး​လာ​တော်​မူ​၏။ သူ​သည်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ခံ​တပ်​များ​ကို​လည်း ကောင်း၊-

ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှ​ဖတ်​၏​အာ​ဏာ ကို​တည်​စေ​တော်​မူ​၏။ ပြည်​သူ​အ​ပေါင်း​တို့ သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ ဆောင်​လာ​ကြ​၏။ ထို​ကြောင့်​မင်း​ကြီး​သည် ချမ်း​သာ​ကြွယ်​ဝ​ကာ​ဂုဏ်​အ​သ​ရေ​ကြီး မြင့်​လာ​တော်​မူ​၏။-

ပင်​လယ်​ကမ်း​ခြေ​တွင်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​သော​ဆူ​ဒန်​အ​မျိုး​သား​တို့​အ​နီး​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​နှင့်​အာ​ရပ်​အ​မျိုး​သား အ​ချို့​တို့​သည်​နေ​ထိုင်​ကြ​၏။ ထာ​ဝရ​ဘု​ရား သည်​ဤ​သူ​တို့​ကို​ယ​ဟော​ရံ​အား​တိုက် ခိုက်​စေ​တော်​မူ​၏။-

အမ္မုန်​အ​မျိုး​သား​တို့​သည်​သြ​ဇိ​အား​လက် ဆောင်​ပဏ္ဏာ​များ​ဆက်​သ​ရ​ကြ​၏။ သူ​သည် အ​လွန်​တန်​ခိုး​ကြီး​မား​လာ​သ​ဖြင့်​သူ​၏ ဂုဏ်​သ​တင်း​သည်​အီ​ဂျစ်​ပြည်​သို့​ပင်​ပျံ့​နှံ့ သွား​လေ​၏။

ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။

ထို​မြို့​တွင်​အ​ဘယ်​အ​ခါ​၌​မျှ​လူ​တို့​နေ​ထိုင် ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အာ​ရပ်​အ​မျိုး သား​ခ​ရီး​သည်​မျှ​လည်း​တဲ​ထိုး​တည်း​ခို​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သိုး​ထိန်း​မျှ လည်း​ထို​အ​ရပ်​တွင်​မိ​မိ​၏​သိုး​အုပ်​ကို​ထိန်း ကျောင်း​ရ​လိမ့်​မည်​မ​ဟုတ်။-

အာ​ရပ်​သား​များ​နှင့်​ကေ​ဒါ​ဘု​ရင်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​သိုး​ငယ်၊ သိုး ကြီး​နှင့်​ဆိတ်​များ​ကို​ပေး​၍​ဝယ်​ယူ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ