၂ ရာချုပ် 15:15Common Language Bibleယုဒပြည်သူအပေါင်းတို့သည်စိတ်စွမ်းကိုယ် စွမ်းရှိသမျှဖြင့် ပဋိညာဉ်ပြုရကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်ထာဝရ ဘုရားအားဆန္ဒအပြည့်အဝဖြင့်ဆည်းကပ် ကြသဖြင့် ထာဝရဘုရားသည်သူတို့၏ ဆည်းကပ်မှုကိုလက်ခံ၍အရပ်ရပ်၌ငြိမ်း ချမ်းသာယာစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။-
အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။-
ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-