၂ ရာချုပ် 15:13Common Language Bibleကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ မည်သူမဆို ကိုယ်တော်အားကိုးကွယ်ခြင်းမပြုပါက ထိုသူသည်အသတ်ခံရမည်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။
ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-
သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။-