၂ ရာချုပ် 15:11Common Language Bibleထိုနေ့၌သူတို့သည်မိမိတို့ဆောင်ခဲ့သော လက်ရပစ္စည်းများအနက် နွားခုနစ်ရာနှင့် သိုးခုနစ်ထောင်ကိုထာဝရဘုရားအားယဇ် ပူဇော်ကြ၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။-
ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။