Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 14:8

Common Language Bible

အာ​သ​မင်း​တွင်​ဒိုင်း​လွှား​လှံ​တံ​ကိုင်​ဆောင်​သူ ယု​ဒ​စစ်​သည်​သုံး​သိန်း​နှင့် ဗင်္ယာ​မိန်​စစ်​သည်​နှစ် သိန်း​ရှစ်​သောင်း​ပါ​ဝင်​သည့်​တပ်​မ​တော်​ရှိ​လေ သည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ရဲ​စွမ်း​သတ္တိ​ရှိ​၍ ကောင်း​စွာ​လေ့​ကျင့်​ထား​သူ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​ဒိုင်း​ကြီး​နှစ်​ရာ​ကို​ပြု​လုပ်​ပြီး လျှင် တစ်​ခု​စီ​ကို​ရွှေ​ချိန်​တစ်​ဆယ့်​ငါး​ပေါင်​ခန့် ဖြင့်​မွမ်း​မံ​ထား​စေ​၏။-

ဥလံ​၏သား​များ​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ များ​နှင့်​လေး​သည်​တော်​များ​ဖြစ်​ကြ​၏။ သူ ၏သား​မြေး​ပေါင်း​တစ်​ရာ့​ငါး​ဆယ်​ရှိ​၏။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သူ​အ​ပေါင်း​တို့ သည်​ဗင်္ယာမိန်​အ​နွယ်​ဝင်​များ​ဖြစ်​သ​တည်း။

ရော​ဗောင်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် ရောက်​လာ​သော​အ​ခါ ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​လက်​ရွေး​စင်​တပ်​သား​တစ်​သိန်း​ရှစ်​သောင်း ကို​စု​ရုံး​စေ​တော်​မူ​၏။ မင်း​ကြီး​သည်​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​နယ်​မြေ​များ​ကို ပြန်​လည်​သိမ်း ပိုက်​နိုင်​ရန်​စစ်​ဆင်​မည်​အ​ကြံ​ရှိ​တော်​မူ​၏။-

ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊- အ​ဒေါ​ရိမ် မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊-

သစ္စာ​တော်​ကို​ဖောက်​သော​ကြောင့်​ရော​ဗောင်​နန်း​စံ ပ​ထ​မ​နှစ်​၌ အီ​ဂျစ်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-

သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​နှစ်​ရာ၊ မြင်း​စီး သူ​ရဲ​ခြောက်​သောင်း​နှင့်​လိ​ဗု​ပြည်​သား၊ သု​ကိ ပြည်​သား၊ ဆူ​ဒန်​ပြည်​သား​တို့​အ​ပါ​အ​ဝင် မ​ရေ​မ​တွက်​နိုင်​သော​စစ်​သည်​တော်​များ​ပါ ရှိ​သည့်​တပ်​မ​တော်​ကြီး​ကို​ခေါင်း​ဆောင်​၍ လာ​၏။-

အ​ဘိ​ယ​နှင့်​ယေ​ရော​ဗောင်​တို့​သည်​စစ်​ဖြစ်​ကြ သ​ဖြင့် အ​ဘိ​ယ​သည်​စစ်​သည်​လေး​သိန်း​ရှိ​သော တပ်​မ​တော်​ဖြင့်​တိုက်​ခိုက်​ရာ ယေ​ရော​ဗောင်​က စစ်​သည်​ရှစ်​သိန်း​ရှိ​သော​တပ်​မ​တော်​ဖြင့်​ပြန် လည်​ခု​ခံ​လေ​သည်။

ဆူ​ဒန်​နှင့်​လိ​ဗု​အ​မျိုး​သား​တို့​တွင်​စစ်​ရ​ထား နှင့် မြင်း​စီး​သူ​ရဲ​အ​မြောက်​အ​မြား​ပါ​ဝင် သည့်​တပ်​မ​တော်​များ​ရှိ​ခဲ့​ကြ​သည်​မ​ဟုတ် ပါ​လော။ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘုရား​ကို အား​ကိုး​ခဲ့​သ​ဖြင့် ကိုယ်​တော်​သည်​ဘု​ရင်​မင်း အား​ထို​တပ်​မ​တော်​တို့​ကို​နှိမ်​နင်း​ခွင့်​ပေး တော်​မူ​ခဲ့​၏။-

ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​မော​ဘ ပြည်​နှင့်​အမ္မုန်​ပြည်​မှ​စစ်​တပ်​များ​သည် မိ​မိ တို့​၏​မ​ဟာ​မိတ်​မ​ဟု​နိမ် နှင့်​အ​တူ​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ ကြ​၏။-

အာ​မ​ဇိ​သည်​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား မိ​မိ​တို့​သား​ချင်း​စု​များ အ​လိုက်​တပ်​စု​များ​ဖွဲ့​၍ လူ​တစ်​ထောင်​တပ်​မှူး နှင့်​လူ​တစ်​ရာ​တပ်​မှူး​များ​ကို​ခန့်​ထား​တော် မူ​၏။ ထို​တပ်​သား​များ​သည်​အ​သက်​နှစ်​ဆယ် နှင့်​အ​ထက်​ရှိ​သူ​များ​ဖြစ်​၍ စု​စု​ပေါင်း​သုံး သိန်း​ရှိ​လေ​သည်။ သူ​တို့​သည်​လှံ​နှင့်​ဒိုင်း​လွှား ကိုင်​ဆောင်​မှု​တွင်​ကျွမ်း​ကျင်​၍​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ရှိ​သူ​လက်​ရွေး​စင်​တပ်​သား​များ ဖြစ်​ကြ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ