၂ ရာချုပ် 13:7Common Language Bibleယုတ်မာသူလူတစ်စုကိုစုရုံးလေသည်။ သူတို့ သည်ရှောလမုန်၏သားတော်ရောဗောင်အား မိမိ တို့ဆန္ဒရှိသည်အတိုင်းပြုလုပ်စေကြ၏။ ရော ဗောင်သည်နုနယ်၍အတွေ့အကြုံမရှိသူဖြစ် သဖြင့်သူတို့အားခုခံနိုင်စွမ်းမရှိပေ။- အခန်းကိုကြည့်ပါ။ |
မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့ပုန်ကန်ကြ သဖြင့်၊-
ရောဗောင်သည်ယေရုရှလင်မြို့တွင် နန်းစံကာ ရာဇတန်ခိုးတိုးတက်လာလေသည်။ နန်းတက် စဉ်အခါကသူသည်သက်တော်လေးဆယ့်တစ် နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံတော်မူ၏။ ဣသရေလနွယ်အပေါင်းတို့ နေထိုင်ရာမြို့ရွာများအနက် ထိုမြို့ကိုထာဝရ ဘုရားသည်မိမိအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ်ရွေးချယ်ထားတော်မူသတည်း။ ရောဗောင်၏မယ်တော်မှာအမ္မုန်ပြည်သူ၊ နေမ ဖြစ်၏။-
သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။-