အဘိယမူကားတိုး၍တန်ခိုးကြီးလာ၏။ သူ၌မိဖုရားတစ်ဆယ့်လေးယောက်၊ သားနှစ် ဆယ့်နှစ်ယောက်နှင့်သမီးတစ်ဆယ့်ခြောက် ယောက်ရှိ၏။-
အဘိယဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေးထား သတည်း။
ရောဗောင်တွင်စုစုပေါင်းမိဖုရားတစ်ဆယ့် ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိ၏။ သူသည်သားနှစ်ဆယ့်ရှစ်ယောက်နှင့်သမီး ခြောက်ဆယ်တို့၏ဖခင်ဖြစ်သော်လည်း မိမိ၏ မိဖုရားများနှင့်မောင်းမအပေါင်းတို့ အနက်မာခါကိုအများဆုံးချစ်တော်မူ၏။-
အဘိယလက်ထက်၌ယေရောဗောင်သည် တန်ခိုးအာဏာဆုတ်ယုတ်လျက်နေ၏။ နောက် ဆုံး၌ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ကွယ်လွန်လေသည်။
အဘိယပြောဆိုခဲ့သောစကားများ၊ သူ ဆောင်ရွက်ခဲ့သည့်အမှုအရာများနှင့်ကျန် ရှိနေသေးသောသူ၏အတ္ထုပ္ပတ္တိအကြောင်း အရာများကို ပရောဖက်ဣဒေါစီရင်သော စာတွင်မှတ်တမ်းတင်ထားသတည်း။
သူ၌မြည်းတစ်ကောင်စီစီးသောသားသုံးကျိပ် ရှိ၏။ သူတို့သည်ဂိလဒ်ပြည်တွင်မြို့ပေါင်းသုံး ဆယ်ကိုအပိုင်စားရရှိကြလေသည်။ ထိုမြို့ တို့သည်`ယာဣရရွာများ' ဟူ၍ယနေ့တိုင် အောင်နာမည်တွင်လျက်ရှိနေသေးသတည်း။-
သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။-