၂ ရာချုပ် 13:19Common Language Bibleအဘိယသည်ယေရောဗောင်၏တပ်မတော်ကို လိုက်လံတိုက်ခိုက်ပြီးလျှင်ဗေသလမြို့၊ ယေ ရှနမြို့၊ ဧဖရိမ်မြို့များနှင့်ထိုမြို့များအနီး ရှိကျေးရွာများကိုသိမ်းယူတော်မူသည်။- အခန်းကိုကြည့်ပါ။ |
ဤသို့သြဒက်၏သားအာဇရိဆင့်ဆိုသည့် ဗျာဒိတ်တော်ကိုကြားသောအခါ အာသသည် အားတက်လာပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ် မြေများနှင့်တောင်ပေါများသောဧဖရိမ်ပြည် ရှိမြို့များမှရုပ်တုရှိသမျှကိုဖယ်ရှားတော် မူ၏။ မင်းကြီးသည်ဗိမာန်တော်တံတိုင်းအတွင်း ရှိယဇ်ပလ္လင်ကိုလည်းပြန်လည်ပြုပြင်တော်မူ၏။
သူတို့သည်မင်းနှင့်တကွမြို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိမြို့ရှိသမျှကိုလည်းကောင်း သိမ်းပိုက်၍ ထိုမြို့များတွင်နေထိုင်သောမြို့ သူမြို့သားအားလုံးကိုသတ်ဖြတ်သုတ်သင် ကြသည်။ ယောရှုသည်ဟေဗြုန်မြို့၊ လိဗနာ မြို့နှင့်၎င်းတို့၏မင်းများကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်၎င်း၏မင်းကိုပြုလေသည်။