၂ ရာချုပ် 13:14Common Language Bibleယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
အာဣမြို့သားတို့သည်နောက်သို့လှည့်ကြည့် သောအခါ မြို့မှမီးခိုးလုံးကြီးများအထက် သို့တက်လျက်ရှိသည်ကိုမြင်ရလေသည်။ ထို အခါမြို့ပြင်ဘက်သို့ထွက်ပြေးခဲ့ကြသော ဣသရေလတပ်သားတို့သည်ပြန်လှည့်၍ အာဣမြို့သားတို့ကိုတိုက်ခိုက်ကြသဖြင့် သူတို့ထွက်ပေါက်မရှိဘဲပိတ်မိနေကြ၏။-