Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 12:8

Common Language Bible

သို့​ရာ​တွင်​ရှိ​ရှက်​သည်​သူ​တို့​ကို​အ​နိုင်​ရ​လိမ့် မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ခြင်း​နှင့်​လော​ကီ​ဘု​ရင်​တို့​၏​အ​မှု​ကို​ဆောင် ရွက်​ခြင်း​ကွာ​ခြား​ပုံ​ကို​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​ရှေ​မာ​ယ​ထံ​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​အ​ခါ​၌​အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့​စား​သုံး​ရန်​အ​သီး​အ​နှံ ပေါ​များ​သော​ပြည်​၌​ကျွန်​ဖြစ်​ရ​ကြ​ပါ​၏။

သူ​တို့​သည်​ရန်​သူ​များ​၏​ဖိ​စီး​နှိပ်​စက်​မှု​ကို ခံ​ရ​ကြ​ကာ​လက်​အောက်​ခံ​များ​ဖြစ်​လာ​ရ ကြ​၏။

ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် သူ​တစ်​ပါး​တို့​အုပ်​စိုး​မှု​ကို ခံ​ရ​ကြ​ပါ​ပြီ။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင် တစ်​ပါး​တည်း​သာ​လျှင်၊ ကျွန်​တော်​မျိုး​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လူ​မျိုး​တော် အား ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ပါ။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​တို့​အ​ပေါ်​တွင် တ​ရား​မျှ​တ​စွာ​ပြု​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ချိန်​၌ ကျွန်​တော်​မျိုး​တို့​အား​ပြင်း​ထန်​စွာ​ဆုံး​မ ပဲ့​ပြင်​တော်​မူ ပါ​လျှင်​ကျွန်​တော်​မျိုး​တို့​အ​ကျိုး​နည်း​ရ ပါ​လိမ့်​မည်။

သို့​ရာ​တွင်​ငါ​သည်​ယ​ခု​သူ​တို့​အား​စု​ရုံး စေ​၍​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။ မ​ကြာ​မီ​သူ တို့​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏ နှိပ်​စက်​ညှင်း ပန်း​ခြင်း​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ​ကြ လိမ့်​မည်။

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ပြည် စစ်​ပွဲ​များ​တွင်​မ​ပါ​မ​ဝင်​ခဲ့​ဘူး​သော ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​စစ်​ကြော​ရန် ထို ပြည်​တွင်​အ​ချို့​သော​လူ​မျိုး​တို့​ကို​ဆက် လက်​နေ​ထိုင်​စေ​တော်​မူ​၏။-

ယင်း​သို့​ကိုယ်​တော်​ပြု​ရ​သည့်​အ​ကြောင်း​မှာ ဣ​သ​ရေ​လ​လူ​မျိုး​ဆက်​တစ်​ဆက်​ပြီး​တစ် ဆက်​စစ်​မှု​ရေး​ရာ​သင်​ကြား​နိုင်​ရန်​ပင်​ဖြစ် ၏။ အ​ထူး​သ​ဖြင့်​ယ​ခင်​က​စစ်​ပွဲ​မ​ဝင်​ခဲ့ ဘူး​သူ​တို့​အား​သင်​ကြား​ပေး​နိုင်​စေ​ရန် ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ