ထိုနောက်ရောဗောင်သည်အဗရှလုံ၏သမီး မာခါနှင့်စုံဖက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလော မိတ်ဟူသောသားလေးယောက်ကိုရလေသည်။-
သူတို့သည်ယုရှ၊ ရှမာရိနှင့်ဇာဟံဟူသော သားသုံးယောက်ကိုရကြ၏။-
ရောဗောင်တွင်စုစုပေါင်းမိဖုရားတစ်ဆယ့် ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိ၏။ သူသည်သားနှစ်ဆယ့်ရှစ်ယောက်နှင့်သမီး ခြောက်ဆယ်တို့၏ဖခင်ဖြစ်သော်လည်း မိမိ၏ မိဖုရားများနှင့်မောင်းမအပေါင်းတို့ အနက်မာခါကိုအများဆုံးချစ်တော်မူ၏။-
ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့တော်ရှိဘုရင်များ၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အဘိယသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍၊-
ယေရုရှလင်မြို့တွင်သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာဂိဗာမြို့သားဥရိယ၏ သမီးမာခါဖြစ်၏။
ရှောလမုန်၏သားသည်ရောဗောင်၊ ရောဗောင်၏သား မှာအဘိယ၊ အဘိယ၏သားကားအာသဖြစ်၏။-