ထိုသူငယ်တို့က``အရှင်သည်သူတို့အား`ငါ ၏လက်သန်းသည်ခမည်းတော်၏ခါးပိုင်း ထက်ပို၍တုပ်၏။-
ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသရေလ ပြည်မြောက်ပိုင်းရှိလူတို့စုရုံးလျက်ရှိရာရှေခင် မြို့သို့သွား၏။-
ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
သူတို့အားမင်းကြီးက``သင်တို့သည်ငါ့အား အဘယ်သို့အကြံပေးကြပါမည်နည်း။ ဖိနှိပ် ချုပ်ချယ်မှုကိုလျော့ပါးအောင်ပြုလုပ်ပေး ရန်ငါ့ထံပန်ကြားလျှောက်ထားသူတို့အား အဘယ်သို့ဖြေကြားရပါမည်နည်း'' ဟု မေးတော်မူ၏။
ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။
ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှါ၊ သွန်သင် သော သူ၏စကားကို နားမထောင်နှင့်။
ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။