Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 1:6

Common Language Bible

မင်း​ကြီး​သည်​ယဇ်​ကောင်​တစ်​ထောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ ကြေး​ဝါ​ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​တော်​မူ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဂိ​ဗောင်​မြို့​တွင်​အ​လွန်​ထင်​ရှား​ကျော်​စော​သော ယဇ်​ပလ္လင်​ရှိ​သ​ဖြင့် အ​ခါ​တစ်​ပါး​၌​မင်း​ကြီး သည်​ယဇ်​ပူ​ဇော်​ရန်​ထို​အ​ရပ်​သို့​သွား​တော် မူ​၏။ သူ​သည်​ယ​ခင်​အ​ခါ​များ​က​ထောင် ပေါင်း​များ​စွာ​သော​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို​ထို​ယဇ်​ပလ္လင်​တွင်​ပူဇော်​ခဲ့​ဖူး​၏။-

ရှော​လ​မုန်​မင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​၌​စု​ဝေး​၍ မ​ရေ​တွက်​နိုင်​အောင်​များ​ပြား​သည့်​သိုး​နွား များ​ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-

မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့်​သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ကြ လေ​သည်။-

နောက်​တစ်​နေ့​၌​သူ​တို့​သည်​ယဇ်​ကောင်​များ အ​ဖြစ်​ဖြင့်​တိ​ရစ္ဆာန်​များ​ကို​သတ်​၍ ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ပြီး​လျှင် လူ​တို့​အား စား​သုံး​ရန်​ပေး​ကြ​၏။ သူ​တို့​သည်​စပျစ်​ရည် ပူ​ဇော်​သ​ကာ​များ​ကို​လည်း​ယူ​ဆောင်​လာ ကြ​၏။ ထို​အ​ပြင်​နွား​သိုး​တစ်​ထောင်၊ သိုး ထီး​တစ်​ထောင်​နှင့်​သိုး​ငယ်​တစ်​ထောင်​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​တစ်​ကောင်​လုံး မီး​ရှို့​ပူ​ဇော်​ကြ​လေ​သည်။-

ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​တွင် မိ​မိ​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူဇော်​တော်​မူ​၏။-

လေ​ဗ​နုန်​တော​တွင်​ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့ သည် ငါ​တို့​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မ​လုံ​လောက်။ ထို​တော​မှ​သစ်​ပင်​တို့​သည်​လည်း​မီး​မွှေး​ရန်​အ​တွက် မ​လုံ​လောက်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ