မင်းကြီး၏အဝယ်တော်တို့သည်မုသရိ ပြည် နှင့်ကိလကိပြည် တို့မှမြင်းများ၊-
အီဂျစ်ပြည်မှစစ်ရထားများတင်သွင်းမှု ကိုချုပ်ကိုင်ထားကြ၏။ ဟိတ္တိဘုရင်နှင့်ရှုရိ ဘုရင်တို့သည်စစ်ရထားတစ်စီးလျှင်ငွေ သားခြောက်ရာ၊ မြင်းတစ်ကောင်လျှင်ငွေသား တစ်ရာ့ငါးဆယ်နှုန်းဖြင့် အဝယ်တော်တို့မှ ဝယ်ရကြလေသည်။
ရှောလမုန်သည်မြင်းများကိုမုသရိ ခေါ်အီဂျစ်နှင့်အခြားတိုင်းပြည်များမှ တင်သွင်းခဲ့သည်။
သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။
ဘုရင်သည်သူ၏တပ်မတော်အတွက်မြင်း မြောက်မြားစွာမထားရှိစေရ။ ထာဝရ ဘုရားက မိမိ၏လူမျိုးကိုအီဂျစ်ပြည် သို့ပြန်မသွားရဟုအမိန့်တော်ရှိသော ကြောင့် ဘုရင်သည်မြင်းဝယ်ရန်လူများ ကိုထိုပြည်သို့မစေလွှတ်ရ။-