သို့ဖြစ်၍ဒါဝိဒ်မင်းသည်ယောနသန်၏ သားကိုအခေါ်ခိုင်းတော်မူ၏။
သူသည်ဧဖရိမ်၏သားသမီးနှင့်မြေးတို့ ကိုတွေ့မြင်သွားရ၏။ မနာရှေ၏သားမာခိ ရ၏သားသမီးတို့ကိုလည်းပြုစုခဲ့ရ၏။-
မင်းကြီးက``သူသည်အဘယ်မှာရှိသနည်း'' ဟုမေးလျှင်၊ ဇိဘက``လောဒေဗာရွာ၊ အမျေလ၏သား မာခိရ၏အိမ်တွင်ရှိပါသည်'' ဟုလျှောက် ၏။-
ရှောလု၏မြေးယောနသန်၏သားမေဖိဗော ရှက်သည်ရောက်ရှိလာသောအခါ ဒါဝိဒ်၏ ရှေ့တွင်ရိုသေစွာပျပ်ဝပ်လျက်နေ၏။ ဒါဝိဒ် က``မေဖိဗောရှက်'' ဟုခေါ်လျှင်မေဖိဗော ရှက်က``ကိုယ်တော့်ကျွန်ရှိပါသည်'' ဟုထူး လေ၏။