၂ ရာ 8:18Common Language Bibleယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သတ္တမမြောက်သောနှစ်သို့ရောက် သောအခါ ယဇ်ပုရောဟိတ်ယောယဒသည် ဘုရင်မ၏ကိုယ်ရံတော်တပ်မှူးများနှင့် နန်းတော်အစောင့်တပ်မှူးများကိုဗိမာန် တော်သို့ခေါ်ပြီးလျှင် မိမိ၏အကြံအစည် အတိုင်းလိုက်နာကြရန်သစ္စာဆိုစေ၏။ ထို နောက်သူသည်ထိုသူတို့အား အာမဇိ မင်း၏သားတော်ယောရှကိုပြပြီးလျှင်၊-
ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-
အို ဖိလိတ္တိလူတို့၊ ပင်လယ်ကမ်းခြေတွင်နေ ထိုင်သူခေရသိအမျိုးသားတို့၊ သင်တို့ သည်အမင်္ဂလာရှိကြ၏။ ထာဝရဘုရား သည်သင်တို့အားအပြစ်ဒဏ်စီရင်ချမှတ် တော်မူလေပြီ။ ကိုယ်တော်သည်သင်တို့ကို သုတ်သင်ဖျက်ဆီးတော်မူမည်ဖြစ်၍ သင် တို့တစ်ဦးတစ်ယောက်မျှကျန်ရှိရလိမ့် မည်မဟုတ်။-