၂ ရာ 8:10Common Language Bibleသားတော်ယောရံကိုဒါဝိဒ်ထံသို့စေလွှတ် ပြီးလျှင် ဟာဒဒေဇာ၏အပေါ်တွင်အောင်ပွဲ ရသည့်အတွက် နှစ်ထောင်းအားရမှုရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားစေ၏။ တောဣ ကားဟာဒဒေဇာကိုအကြိမ်ပေါင်းများ စွာတိုက်ခိုက်ခဲ့သူဖြစ်သတည်း။ ယောရံ သည်မိမိနှင့်အတူရွှေ၊ ငွေနှင့်ကြေးဝါ ဖြင့်ပြီးသောပစ္စည်းအသုံးအဆောင်များ ကိုဒါဝိဒ်ထံသို့ယူဆောင်လာလေသည်။- အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်ထိုပစ္စည်းများကိုဝတ်ပြု ကိုးကွယ်ရာတွင်အသုံးပြုရန်အတွက် ထာဝရဘုရားအားဆက်ကပ်၏။ ထိုနည်း တူမိမိနှိမ်နင်းခဲ့သောဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိနှင့် အာမလက်ပြည်များမှသိမ်း ယူခဲ့သည့်ရွှေ၊ ငွေများနှင့်ဟာဒဒေဇာ ထံမှရရှိသည့်ပစ္စည်းအချို့တို့ကိုလည်း ထာဝရဘုရားအားဆက်ကပ်၏။
မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-