၂ ရာ 7:25Common Language Bible``အို ဘုရားသခင်၊ ထာဝရဘုရား၊ ကိုယ်တော့် ကျွန်နှင့်အိမ်ထောင်အတွက်ပေးတော်မူသော ကတိတော်ကိုထာဝစဉ်တည်မြဲစေတော် မူ၍ ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း ပြုတော်မူပါ။- အခန်းကိုကြည့်ပါ။ |
သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
ဧလကာနက``ကောင်းပြီ။ သင်ပြုလိုသည် အတိုင်းပြုပါလေ။ ကလေးနို့ဖြတ်သည်တိုင် အောင်အိမ်တွင်နေလော့။ သင်ပြုသောသစ္စာကတိ ကိုအကောင်အထည်ဖော်နိုင်ရန် ထာဝရဘုရား ကူမတော်မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ ဟန္နသည်သူငယ်ကိုနို့တိုက်လျက်၊ နို့မဖြတ် မီတိုင်အောင်အိမ်မှာနေလေ၏။