၂ ရာ 7:1Common Language Bibleယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊- အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-