Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 6:9

Common Language Bible

ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက် သ​ဖြင့်``ငါ​သည်​အ​ဘယ်​သို့​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ရ​ပါ​မည်​နည်း'' ဟု​ဆို​ပြီး လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ထို​အ​ရပ်​ကို​ပေ​ရ​ဇာ​သြ​ဇ ဟု​ယ​နေ့​တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇ​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်​ဒါ​ဝိဒ် သည်​လွန်​စွာ​စိတ်​ဆိုး​တော်​မူ​၏။

``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-

ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​သ​ဖြင့်​ကွန်​တော် မျိုး​သည် ကြက်​သီး​မွေး​ညင်း​ထ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ခက်​တို့​ကြောင့် ကွန်​တော်​မျိုး​ကြောက်​ပါ​၏။

ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။

အ​ကျွန်ုပ်​သည်​ကြောက်​ရွံ့​သ​ဖြင့်​အ​ရှင်​၏​ရွှေ​ကို မြေ​တွင်​မြှုပ်​ထား​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ရှင်​၏​ပစ္စည်း ဤ​မှာ​ရှိ​ပါ​၏' ဟု​လျှောက်​၏။''

ဥ​ပ​မာ​ပြော​ရ​သော်​စာ​ရာ​သည်​အာ​ဗြ​ဟံ ၏​စ​ကား​ကို​နား​ထောင်​၏။ အာ​ဗြ​ဟံ​ကို​သ​ခင် ဟု​ခေါ်​၏။ သင်​တို့​သည်​မည်​သည်​ကို​မျှ​ကြောက်​ရွံ့ ခြင်း​မ​ရှိ​ဘဲ ကောင်း​မြတ်​သည့်​အ​ကျင့်​ကို​ပြု ကျင့်​ပါ​လျှင်​စာ​ရာ​၏​သ​မီး​များ​ဖြစ်​ကြ​၏။

သို့​ဖြစ်​၍​ဗက်​ရှေ​မက်​မြို့​သား​တို့​က``သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ အ​ဘယ်​သူ​သည် ရပ်​တည်​နိုင်​ပါ​မည်​နည်း။ ငါ​တို့​နှင့်​ဝေး​အောင် ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​သို့​ပင့်​ဆောင် သွား​ရ​ပါ​မည်​နည်း'' ဟု​ဆို​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ