Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 6:5

Common Language Bible

ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရန်​အ​စွမ်း​ကုန်​က​ခုန်​ကြ​၏။ သူ​တို့​သည် စောင်း​ကြီး​စောင်း​ငယ်၊ ပတ်​သာ၊ နှဲ၊ ခ​ရာ၊ လင်း ကွင်း​အ​စ​ရှိ​သည့်​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ငါ့​ထံ​သို့​စောင်း​သ​မား​တစ်​ဦး​ကို ခေါ်​ခဲ့​ပါ​လော့'' ဟု​ဆို​၏။ စောင်း​သ​မား​သည်​စောင်း​တီး​၍​နေ​စဉ် ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​သည်​ဧ​လိ​ရှဲ​အ​ပေါ်​သို့​သက်​ရောက် လာ​၏။-

ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​က​အ​စွမ်း ကုန်​က​လျက် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး ကူး​လျက်​လာ​ကြ​၏။ သူ​တို့​သည်​သီ​ချင်း​ဆို ၍​စောင်း၊ ပတ်​သာ၊ လင်း​ကွင်း​နှင့်​တံ​ပိုး​ခ​ရာ များ​ကို​တီး​မှုတ်​ကြ​၏။

ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် ကာ တံ​ပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို တီး​မှုတ်​လျက်​ယေ​ရု​ရှ​လင်​မြို့​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​ကြ​၏။

သူ​တို့​သည်​မြို့​တော်​သို့​ရောက်​ကြ​သော​အ​ခါ စောင်း​များ၊ တံ​ပိုး​ခ​ရာ​များ​တီး​မှုတ်​လျက် ဗိ​မာန်​တော်​သို့​ချီ​တက်​ကြ​လေ​သည်။-

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​သို့ တက်​ကြွ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တက်​ကြွ​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သည့်​အ​သံ များ​နှင့် တံ​ပိုး​ခ​ရာ​မှုတ်​သံ​များ​ကို​ကြား​ရ​ကြ​၏။

တူ​ရိ​ယာ​စ​တင်​တီး​မှုတ်​သည်​နှင့်​တစ်​ပြိုင် နက်​ရွှေ​ရုပ်​ကြီး​အား​လူ​တိုင်း​ဦး​ညွှတ်​ရှိ ခိုး​စေ။-

ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။-

သို့​ဖြစ်​၍​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး သီး​က​လူ​တို့​သည်​တူ​ရိ​ယာ​တီး​မှုတ်​သံ ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​ဦး ညွှတ်​ရှိ​ခိုး​ကြ​ကုန်​၏။

ဆူ​ညံ​လှ​သော​တေး​သံ​များ​ကို​ရပ်​စဲ​လော့။ သင်​တို့​စောင်း​သံ​များ​ကို​လည်း​ငါ​မ​ကြား လို။-

သင်​တို့​သည်​ဒါ​ဝိဒ်​ကဲ့​သို့​သီ​ချင်း​များ​စပ် ဆို​ပြီး​စောင်း​ကောက်​တီး​ကာ​သီ​ဆို​လို ကြ​၏။-

ထို​နောက်​သင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏ တပ်​စ​ခန်း​ချ​ရာ ဂိ​ဗာ​မြို့​ရှိ​ဘု​ရား​သ​ခင် ၏​တောင်​တော်​သို့​သွား​ရောက်​ရ​မည်။ ဂိ​ဗာ​မြို့ အ​ဝင်​ဝ​၌​သင်​သည်​စောင်း​ကြီး၊ စောင်း​ငယ်၊ ပတ်​သာ၊ ပြွေ​တို့​ကို​တီး​မှုတ်​လျက်​တောင်​ပေါ် ရှိ​ယဇ်​ပလ္လင်​မှ​လာ​ကြ​သော​ပ​ရော​ဖက်​တစ်​စု ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​က​ခုန်​ဟစ်​အော် ၍​နေ​ကြ​လိမ့်​မည်။-

သို့​ဖြစ်​၍​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​အား​အ​မိန့်​ပေး​တော်​မူ​ပါ​လျှင် စောင်း​တီး​တတ် သူ​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​မည်။ သူ​သည်​နတ်​မိစ္ဆာ ဝင်​လာ​ချိန်​၌​စောင်း​ကို​တီး​သ​ဖြင့် အ​ရှင်​မင်း ကြီး​သည်​ပြန်​လည်​၍​အ​ကောင်း​ပ​က​တိ​ဖြစ် လာ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ