Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 6:18

Common Language Bible

ယင်း​သို့​ပူ​ဇော်​ပြီး​သော​အ​ခါ​သူ​သည် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ့​အား​ကောင်း​ချီး​ပေး​လျက်``ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

ဣ​သ​ရေ​လ​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ ကင်​တစ်​တုံး​နှင့်​စ​ပျစ်​ပျဉ်​တစ်​ပြား​စီ​ကို ဝေ​ငှ​တော်​မူ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အိမ်​သို့​ပြန်​သွား​ကြ​၏။

လူ​အ​ပေါင်း​တို့​သည် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ စဉ် ရှော​လ​မုန်​မင်း​သည်​သူ​တို့​ဘက်​သို့​မျက်​နှာ​မူ ပြီး​လျှင်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-

ထို​နောက်​မင်း​ကြီး​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပြု​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို​တည် မြဲ​စေ​တော်​မူ​ပြီ။-

ထို​နေ​ရာ​တွင်​စုဝေး​လျက်​နေ​ကြ​သော​လူ​အ​ပေါင်း တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​အ​သံ​ကျယ်​စွာ​တောင်း​ခံ​တော်​မူ​၏။-

ဒါ​ဝိဒ်​မင်း​သည်​ဤ​သို့​ယဇ်​များ​ကို​ပူ​ဇော် ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး ပေး​ပြီး​လျှင်၊-

ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင်​တို့ သည်​ပြည်​သူ​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​ထံ တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​လျှောက် ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​စံ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ပတ္ထ​နာ​ကို​နား ညောင်း​တော်​မူ​၏။

မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည်​စု​ပုံ​လျက်​နေ သော​ပစ္စည်း​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ချီး​ကူး​ကြ​ကုန်​၏။-

ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထို​နေ​ရာ တွင်​ရပ်​လျက်​နေ​ကြ​၏။ မင်း​ကြီး​သည်​သူ​တို့ ဘက်​သို့​မျက်​နှာ​မူ​ပြီး​လျှင် သူ​တို့​အား​ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​ရန်​တောင်း​လျှောက်​တော် မူ​၏။-

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး ပါ​၏'' ဟူ​၍ အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​က​သူ​တို့​အား ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။

မော​ရှေ​သည်​သူ​တို့​လုပ်​ပြီး​သ​မျှ​ကို​စစ် ဆေး​၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လုပ်​ဆောင်​ကြ​ကြောင်း​တွေ့​မြင်​ရ​၏။ ထို့​ကြောင့်​မော​ရှေ​သည်​သူ​တို့​အား​ကောင်း​ချီး ပေး​လေ​၏။

သို့​ဖြစ်​၍​သင်​တို့​သည်​ဆိုး​ညစ်​သော​အ​မှု​တို့ ကို​စွန့်​ပယ်​ခြင်း​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ကြ​ရ စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​စေ​ခံ​ကို သင်​တို့​ထံ​သို့​ဦး​စွာ​စေ​လွှတ်​တော်​မူ​၏'' ဟု ပေ​တ​ရု​ဟော​ပြော​လေ​သည်။

ထို​နောက်​ယော​ရှု​က``သင်​တို့​သည်​သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​ဝတ်​တန်​ဆာ​မြောက် မြား​စွာ​တို့​ကို​ရန်​သူ​တို့​ထံ​မှ​သိမ်း​ယူ ရ​ရှိ​ကြ​ပြီ။ သင်​တို့​နေ​ရပ်​သို့​ပြန်​ရောက် သော​အ​ခါ ထို​ပစ္စည်း​ဥစ္စာ​များ​ကို​သင်​တို့ ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​ဝေ​မျှ​ကြ လော့'' ဟု​ဆို​၍​ကောင်း​ချီး​ပေး​လျက်​သူ တို့​ကို​ပြန်​စေ​၏။ ထို​နောက်​သူ​တို့​သည် မိ​မိ​တို့​၏​နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ သည်။ မော​ရှေ​သည်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့ အား​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​နယ်​မြေ ကို​ခွဲ​ဝေ​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယော​ရှု​သည် ကျန်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ခြား ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​နယ်​မြေ​ကို ခွဲ​ဝေ​ပေး​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ