Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 6:11

Common Language Bible

သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ကျိန်း ဝပ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သြ​ဗ​ဒေ​ဒုံ​နှင့်​မိ​သား​စု​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လာ​ဗန်​က``ငါ​လည်း​ပြော​ပါ​ရ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကြောင့်​ငါ့​အား ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို​ငါ​သိ မြင်​လာ​ရ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ​၍ သူ​တာ​ဝန်​ယူ​ဆောင်​ရွက်​သ​မျှ​တို့​၌​အောင်​မြင် စေ​တော်​မူ​သော​ကြောင့် ထောင်​မှူး​သည်​ယော​သပ် အား​တာ​ဝန်​များ​ကို​စိတ်​ချ​ယုံ​ကြည်​စွာ လွှဲ​အပ်​လေ​သည်။

ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။-

မိ​မိ​နေ​ပြည်​တော်​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့် ဆောင်​ခြင်း​မ​ပြု​ဘဲ​ဂါ​သ​မြို့​သား​သြ​ဗ ဒေ​ဒုံ​၏​အိမ်​သို့​ပင့်​ဆောင်​သွား​တော်​မူ​၏။-

ရှေ​မာ​ယ၊ ယော​ဇ​ဗပ်၊ ယော​အာ၊ စာ​ကာ၊ နာ​သ နေ​လ၊ အ​မျေ​လ၊ ဣ​သ​ခါ၊ ပု​လ​သဲ​ဟူ​သော သား​ရှစ်​ယောက်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ကောင်း ချီး​ပေး​သူ​သြ​ဗ​ဒေ​ဒုံ​ဆို​သူ​လည်း​ရှိ​၏။

ဗိ​မာန်​တော်​တွင်​စား​နပ်​ရိက္ခာ​အ​မြောက် အ​မြား​ရှိ​စေ​ရန် သင်​တို့​၏​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​အ​ပြည့်​အ​ဝ​ယူ​ဆောင်​ခဲ့​ကြ လော့။ ငါ​၏​အ​ကဲ​ကို​စမ်း​၍​ကြည့်​ကြ​လော့။ ထို​အ​ခါ​ငါ​သည်​ကောင်း​ကင်​ပြူ​တင်း​ပေါက် များ​ကို​ဖွင့်​၍ သင်​တို့​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​အ​မျိုး​မျိုး​သွန်း​လောင်း​တော်​မူ သည်​ကို​သင်​တို့​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ