ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ် သည်ဖိလိတ္တိအမျိုးသားတို့အားနှိမ်နင်း ကာ သူတို့၏စိုးမိုးမှုကိုနိဂုံးချုပ်စေ တော်မူ၏။
ဒါဝိဒ်မင်းသည်ဘုရားသခင်မိန့်တော်မူသည် အတိုင်းပြု၍ ဖိလိတ္တိအမျိုးသားတို့ကိုဂိ ဗောင်မြို့မှသည်ဂါဇေရမြို့သို့တိုင်အောင် နှင်ထုတ်တော်မူ၏။-
ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
ထာဝရဘုရားသည်ပေရဇိမ်တောင်နှင့် ဂိဗောင်ချိုင့်ဝှမ်းတွင် ပြုတော်မူခဲ့သည့်နည်း တူစစ်ချီတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိပြုရန်ရှိသည့်အမှုကိုပြီးပြတ်အောင် ဆောင်ရွက်တော်မူလိမ့်မည်။ ထိုအမှုကား နက်နဲသိမ်မွေ့သည့်အရာဖြစ်၏။
ဂေဇာမင်းဟောရံသည်လာခိရှမင်းဘက် မှစစ်ကူ၍တိုက်ခိုက်သော်လည်း ယောရှုသည် သူနှင့်သူ၏တပ်ကိုတိုက်ခိုက်အောင်မြင်၍ တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်လေ သည်။
သို့ရာတွင်သူတို့သည်ဂေဇာမြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့ကိုမနှင်ထုတ် ဘဲ မိမိတို့ထံတွင်ကျွန်အဖြစ်ဖြင့်နေထိုင် စေကြသည်။
ခေဖာဟာမောနဲမြို့၊ သြဖနိမြို့၊ ဂါဘမြို့ စသောမြို့ကြီးတစ်ဆယ်နှစ်မြို့နှင့်ယင်းတို့ ၏ပတ်ဝန်းကျင်ရှိမြို့များဖြစ်သည်။-
သူတို့သည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရှိ သောရှေခင်မြို့(ခိုလှုံရာမြို့တစ်မြို့၊) ဂေဇာမြို့၊-