Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 5:23

Common Language Bible

ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တစ်​ဖန်​စုံ​စမ်း မေး​လျှောက်​ပြန်​၏။ ကိုယ်​တော်​က``သူ​တို့​အား ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​မ​ခိုက်​နှင့်။ သူ​တို့ ၏​တပ်​နောက်​ဘက်​ပိုင်း​ကို​ကွေ့​၍​သွား​ပြီး လျှင်​ပိုး​စာ​တော​အ​နီး​မှ​တိုက်​ခိုက်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော့်​ကျွန်​သည်​ယု​ဒ​မြို့​တစ်​မြို့​မြို့​သို့​သွား​ရောက် အုပ်​ချုပ်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့'' ဟု​မိန့်​တော် မူ​လျှင်၊ ``အ​ဘယ်​မြို့​သို့​သွား​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဟေ​ဗြုန်​မြို့'' ဟု​ဆို​သ​ဖြင့်၊-

ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ်​တော် ကျွန်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကိုယ်​တော့်​ကျွန်​အား​အောင်​ပွဲ​ခံ​စေ တော်​မူ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။

ဒါ​ဝိဒ်​သည်​လည်း​နောက်​တစ်​ကြိမ်​ဘု​ရား​သ​ခင် အား​လျှောက်​ထား​စုံ​စမ်း​ပြန်​၏။ ဘု​ရား​သ​ခင် က``သင်​သည်​ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​နှင့်။ အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​သွား​ပြီး​လျှင် သစ်​ဆီ​မွှေး​ပင်​များ​အ​နီး​မှ​နေ​၍​တိုက်​လော့။-

သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​သင်​တို့​ပုန်း​ကွယ်​ရာ​မှ​ထွက်​၍​မြို့ ကို​သိမ်း​ယူ​ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​သင်​တို့​လက် သို့​အပ်​တော်​မူ​မည်။-

သူ​၏​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ကျွန်ုပ်​လျှောက်​ထား​ပေး​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​ယ​ခင်​က​လည်း​ဤ​သို့​လျှောက်​ထား ပေး​ခဲ့​ဖူး​ပါ​သည်။ အ​ရှင်​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​မှု​နှင့်​ပတ်​သက်​၍​မူ​ကား အ​ရှင်​မင်း​ကြီး​သည်​အ​ကျွန်ုပ်​ကို​သော်​လည်း ကောင်း၊ အ​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တစ်​ဦး တစ်​ယောက်​ကို​သော်​လည်း​စွပ်​စွဲ​တော်​မ​မူ ပါ​နှင့်။ ဤ​ကိစ္စ​ကို​အ​ကျွန်ုပ်​အလျှင်း​မ​သိ​ပါ'' ဟု​ပြန်​၍​လျှောက်​ထား​၏။

ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ သူ​တို့​ကို တိုက်​ခိုက်​၍ ကိ​လ​မြို့​ကို​ကယ်​တင်​လော့'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ